နေဝင်ချိန်ကိုတချို့လူတွေကစောင့်ကြည့်ရင်း
လှပမှုဆိုတဲ့အရာလို့ ခေါင်းစဉ်တပ်ပီး
ကဗျာဆန်ကျတယ်...
ကျွန်တော်အတွက်တော့နေ့ရက်တိုင်းဟာ
နေဝင်ခြင်းနဲ့အတူ.....အမြဲပြိုလဲစွာနှင့်သာ....
___________Immortality ____________
' ဘာတွေတွေးနေပြန်ပီလဲ...Hyunee´
' Arnyi...ဒီလိုပါပဲ..ဒီနေ့လူပါး လိုက်တာနော်´
' ပါးဆို...ဒီနေ့ကျောင်းဖွင့်ရက်လေ...´
' အော်...အေးဟုတ်သား...
ကျောင်းပိတ်ရက်ဆိုမင်းကို
လာကြည့်တဲ့ကျောင်းသူလေးတွေနဲ့
ဆိုင်ကြီးကဆူညံနေတတ်တာကိုး....´
'ချောမောပီးခန့်ညားနေတတ်တာက
ငါ့အားနည်းချက်ဖြစ်နေတာလေ....
အမလေး...စောင့်နေ ကျောင်းဆင်းချိန်ကျ
လာကြလိမ့်မယ်´
Park Chanyeol... ဟုတ်ပါတယ်..
ကျွန်တော့်အနားမှာ သူပဲရှိနေပေးခဲ့တယ်..
အရာရာတိုင်းကိုထပ်တူကျလောက်ထိ
ကျွန်တော်တို့တူညီကြတယ်...
တခါတလေ သူကိုယ်သူဘဝင်ရူးတာလေးပဲ
အပြစ်ပြောစရာရှိမယ်ထင်ပါတယ်
' အာညော်...အိုပါး´
Chanyeol လည်းBaekhyun ကို
မျက်လုံးလေးပင့်ပြလိုက်တယ်
ကျောင်းဆင်းချိန်ရောက်လာပီမို့
ကျောင်းသူမလေးတွေလာလေပီ...
' ငါမပြောဘူးလား...ဟွန်းဟွန်း´
'အေးပါကွာ...´
ဟုတ်ပါတယ်....မိန်းကလေးတိုင်းက
ကျွန်တော်လိုဖြူဖြူဖတ်ဖတ်နုနုပုပုလေးဖြစ်နေတဲ့သူထက် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့
စကားကြွယ်တဲ့သူ့ကိုသဘောကျကြပါတယ်...
မနာလိုစရာပဲနော်...တခါတလေတော့လည်း
ရယ်ချင်မိသား...သူ့မာယာလေးတွေထဲ
ကလေးမလေးတွေရင်ခုန်နေကြတာကိုပေါ့...
ကလေးမလေးတွေကလည်းပြုံးလိုက်ရင်
ပေါ်လာတတ်တဲ့သူ့ပါးချိုင့်လေးကိုမြင်တာနဲ့
မျက်နှာလေးတွေကလမင်းကြီးလို
ထိန်ထိန်သာနေကြပြန်ကော....
' ကဲ..ကာပူချီနို ၄ခွက်ပေးပါ Hyunee ´
' ဟုတ်ကဲ့ပါ...စားပွဲထိုးချောချောလေးရယ်..´
ဒီ Cafe' လေးရဲ့မျက်နှာဖုံးလို
ဖြစ်နေတဲ့သူ့ကြောင့် စာပွဲထိုးချောချောလေးလို့
နာမည်ကြီးနေသည်လေ....
မနာလိုစရာ Park Chanyeol ရယ်...
___________ Immortality ___________
' ပင်ပန်းလိုက်တာ.....´
' လာ.....´
ခဏလောက်တော့သူ့ပေါင်ပေါ်
ခေါင်းချအိပ်လိုက်မှပင်ပန်းမှူဒဏ်
သက်သာသွားမည်ထင်မိသည်...
' ဘယ်နှနာရီထိုးနေပီလဲ...´
'6နာရီခွဲနေပီလေ Hyunee...´
' ငါအိပ်ပျော်မိတော့မယ်ထင်တယ်... Chanyeol´
' Hyunee ရယ်အိပ်လိုက်ပါ
ငါမင်းကိုဝါးမစားပါဘူး...´
' အင်းပါ......ခဏလောက်မှေးမယ်နော်´
Chanyeol ပေါ်ပေါ် ခေါင်းလေးချပီး
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ Baekhyun...
ကလေးလေးလိုပဲ...နူးညံ့တဲ့သူစိတ်လေး....
ငွေမှင်ရောင်ဆံသားလေးတွေကနဖူးစပ်လေးမှာ
နေရာယူလို့...မျက်လုံးကိုစူးမိတော့မည်မို့
အသာလေးသာ ဆံပင်လေးတွေကို
ကျွန်တော်လှန်တင်ပေးလိုက်သည်...
နိုးသွားမည်ကိုစိုးမိသည်......
I'm Falling....I'm Falling..× Ph Ring !
' ဟယ်လို...Maikhun ´
' အမ်...ဘာဖြစ်လိုငိုနေတာလဲ...´
Chanyeol ခန္ဓာကိုယ်လေးက
ဖုန်းပြောနေရင်းအတန်ငယ်
ရွေ့ သွားသည်မို့လှဲနေရာမှ
ခေါင်းလေထောင်လာတဲ့ Baekhyun...
' ကိုယ်လာခဲ့မယ်လေ ..ခုဘယ်မှာလဲ´
တဖက်ကိုကြည့်လိုက်တော့အပြုံးနုနုလေးနဲ့
သူ့ကိုသွားလို့ပြောနေတဲ့ Baekhyun ....
' အာ့တာဆိုကိုယ်လာပီနော်ခဏစောင့်´
ကျွန်တော်လည်းတခါလေလောက်
ချစ်ရသူလေးရှိချင်မိသည်...တခါလေးပါပဲ
Chanyeol လိုချစ်သူမျိုးဆိုကျွန်တော်ငိုတိုင်း..
ကျွန်တော်တစုံတယောက်ကိုလိုတိုင်း
အနားကိုရောက်လာပေးမှာသေချာသည်..
Maikhun ကို Chanyeol က ဂရုစိုက်တာလေးတွေ တွေ့ရတိုင်း
ချစ်ရသူဆိုတာကိုတောင့်တမိသည်..
ပြန်တွေးကြည့်တော့လည်းရယ်စရာ...
ကျွန်တော်ကယေကျာ်းလေးတစ်ယောက်မလား
ဂရုစိုက်မှုယုယမှုတွေကိုတစုံတယောက်ကို
ပေးစွမ်းရမှာယေကျာ်းလေးဖြစ်တဲ့
ကျွန်တော်သာ ဖြစ်သင့်ပေမဲ့ထိုအရာတွေကို
ကျွန်တော်ကလက်ခံလိုသူသာဖြစ်ချင်နေ
မိသည်..
' Hyunee ရလား ငါသွားစရာရှိလို့´
' Maikhun လေးငိုနေပြန်ပီမလား...
မင်းသွားမှရမှာပေါ့...သွားမြန်မြန်....´
ခေါင်းလေးငြိမ့်ပီးအနွေးထည်လေးဆွဲပီး
ထွက်သွားတဲ့ Chanyeol...
ဒီနေ့တော့အိမ်ပြန်လမ်းက
ကျွန်တော့်အတွက်အထီးကျန်ဆန်ဦးမည်...
_________ Immortality __________
Update ကမမှန်ရတဲ့အထဲအသစ်က
ရေးချင်မိပြန်တယ်...
သဘောကျရဲ့လားတော့မသိ...
အခြေအနေမကောင်းဘူးဆိုရင်တော့
ပြန်ဖျက်ပါမယ်....😢😭
ESTÁS LEYENDO
Immortality
Fantasíaအရာရာတိုင်းမှာ အချိန်ကန့်သတ်ချက်တခုရှိပေမဲ့ ငါ့ချစ်ခြင်းတရားတွေက မင်းအပေါ်မှာ အချိန်ကန့် သတ်ချက်မရှိခဲ့ဘူး Chanyeol!
