ဗီလိန်​၏ ဆဌမ​ခြေလှမ်း

Start from the beginning
                                    

"​တော်​စမ်းပါ....ရှင့်​ရဲ့..တန်​ဖိုးမရှိတဲ့
အနမ်း​တွေ ခန္ဓာကိုယ်​​တွေ အ​ကြောင်း
ထည့်​ထည့်​မ​ပြောနဲ့..."

သူမ ဘာဆက်​​ပြောမလဲ...
ကျ​နော်​​စောင့်​​နေလိုက်​သည်​....

"​ပေါ​ပေါပဲပဲ ​ပေးအပ်​​နေတဲ့
ရှင့်​ ခန္ဓာကိုယ်​​ကြောင့်
သူခဏ​တော့ သာယာမှာပဲ​လေ....
သူလည်း ​ယောက်ျားမို့လို့....
အထိအ​တွေ့မှာ သာယာတတ်​တဲ့
လူသားတစ်​​ယောက်​မို့လို့....."

ကျ​နော်​ တဟားဟား ​အော်​ရယ်​လိုက်​သည်​..
အထူးခန်းမို့လို့.......
အပြင်​ကဘယ်​သူမှမကြားနိုင်​.....

"ဟုတ်​လား......သူက အထိအ​တွေ့မှာ
သာယာတတ်​တာ​ပေါ့.....
အဲ့ဒါဆို
သူက မင်းကို​ရော....ထိ​တွေ့လား..."

ကျ​နော့်​စကားတစ်​ခွန်းသည်​....
သူမမျက်​လုံးအိမ်​မှာ အရည်​ကြည်​များ
ရစ်​သိုင်းသည်​အထိ....
တတ်​စွမ်းနိုင်​သည်​.....

"မင်း....သူ့ကို ဆွဲ​ဆောင်​ကြည့်​​လေ...
သူမင်းဘက်​ပါမလားလို့....
မင်းဝါသနာပါတယ်​ဆိုရင်​....
ငါမင်းကို...နည်း​လေးလမ်း​လေး​တော့..
ညွှန်​ကြားနိုင်​ပါတယ်​...."

"ရှင်​....ရှင်​....ဒီလိုစကားမျိုး....."

ဒီတစ်​ခါ စကားရဲ့
အကျိုးသက်​​ရောက်​မှုက​တော့...
ကျ​နော့်​မျက်​နှာတစ်​ပြင်​လုံး....
သူမလက်​ချက်​​ကြောင့်​...​ရေရွှဲသွားတာပါပဲ....

ကျ​နော်​ ဒါ​တွေမမှုပါ....
မကြာခင်​....တစ်​ခုလပ်​ဖြစ်​​တော့မည့်​...
မိန်းမတစ်​​ယောက်​​ကို....
ကျ​နော်​ ညှာတာ​သောအားဖြင့်​...
ပြုံး၍သာ တုံ့ပြန်​လိုက်​ပါသည်​....

"ပြီး​တော့....မင်းသိလား.......
သူက မင်းရှိ​နေလို့.....
စာရွက်​စာတမ်း အရ
ဇနီး​တော်​ထားတဲ့မင်းကို....
အားနာ​နေလို့....
သူ့အချစ်​​တွေကို
ငါ့ဆီ....ဖွင့်​ဟခွင့်​မရ​သေးတာ...
အရမ်း စိတ်​ထားမွန်​မြတ်​တဲ့......
ငါ့က​လေး​လေးသနားပါတယ်​....."

သို့.....ချစ်​​သောဗီလိန်​...[ Completed ]Where stories live. Discover now