Meaning of Heather Ch-12

Beginne am Anfang
                                    

သူနဲ့ကျနော်ချစ်သူတွေဖြစ်နေတာတောင်မှ မထိရက်မကိုင်ရက်တဲ့အထိတန်ဖိုးထားပြီးချစ်ခဲ့ဖူးတယ်

"ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး မင်းကို ကံအကောင်းဆုံးမိန်းကလေးလို့သတ်မှတ်ရလောက်တဲ့အထိ ငါမင်းကိုချစ်ပေးမှာ"

သူ့ကိုကျနော်လက်ထပ်ဖို့ငွေလိုနေတဲ့အချိန် သူငယ်ချင်းတစ်ယောက်ရဲ့ ကိုရီးယားမှာငွေရှာကောင်းတယ် ဆိုတဲ့စကားကြောင့် ကိုရီးယားကိုကျနော်အရဲစွန့်ပြီးထွက်လာခဲ့တယ်

ဒါပေမယ့် အလုပ်ကကျနော်ထင်သလိုအဆင်မပြေခဲ့ဘူး ဘယ်လောက်ထိဆိုးခဲ့သလဲဆိုရင်စားသောက်ဆိုင်မှာငွေရှင်းဖို့တောင်ပိုက်ဆံမလောက်ခဲ့လို့ဘေးကပ်လျက်စားပွဲက Lami ဆိုတဲ့မိန်းကလေးတစ်ယောက်ကကူညီခဲ့ရတဲ့အထိဖြစ်ခဲ့တယ်

Lami နဲ့ရင်းနှီးပြီးနောက်ပိုင်းမှာ သုကကျနော့်ရဲ့သူငယ်ချင်းဖြစ်လာခဲ့သလို ရင်ဖွင့်တို်င်ပင်ဖော်လည်းဖြစ်လာခဲ့တယ် ဘာ့ကြောင့်ကိုရီးယားကိုရောက်လာခဲ့တယ်ကအစ ဘယ်လိုငွေရှာမယ်ကအဆုံးသူ့ကိုတိုင်ပင်ပြီးပြောပြခဲ့တယ်

ကိုရီးယားဆိုတဲ့ အမိမြေမဟုတ်တဲ့နိုင်ငံမှာ ကျန်ခဲ့တဲ့ချစ်သူမိန်းကလေးကိုညတိုင်းနေ့တိုင်းလွမ်းဆွတ်နေမိတယ်။ အသံမကြားရ ၊ မျက်နှာမမြင်ရတာတောင်သူ့ကိုပဲတမ်းတပြီးအချစ်ဆိပ်တက်နေခဲ့ရတယ်

သူဟာ ကျနော့်ကို "အချစ်" ဆိုတဲ့ဝေါဟာရကိုပထမဆုံးနှလုံးသားနဲ့ရေးစေခဲ့တဲ့လူတစ်ယောက်ဖြစ်ခဲ့တယ်

ဒါပေမယ့်......

ကိုယ့်ချစ်သူကိုရင်ထဲကနက်နဲစွာပေးခဲ့ဖူးတဲ့ကတိကိုကျနော်အခုကြမ်းတမ်းစွာ ကိုယ်တိုင်ရိုက်ချိုးခဲ့မိပြီ

Lee Taeyong ဆိုတဲ့လူနဲ့ရေစက်ဆုံပြီးကတည်းက....

အလုပ်ရော ငွေကြေးပါအဆင်မပြေလို့ ပန်းခြံတစ်ခုမှာထိုင်နေတုန်း မထင်မှတ်တဲ့လူနဲ့ တွေ့ဆုံခဲ့ရတယ်

ဖြတ်ခနဲလက်သွားတဲ့ အလင်းစူးတစ်ခုအပါအဝင် "ချက်" ဆိုတဲ့အသံကြောင့်ကျနော့်မျက်လုံးစူးခနဲဖြစ်သွားသလိုဒေါသလည်းထွက်သွားရတယ်

Meaning of Heather Wo Geschichten leben. Entdecke jetzt