"Baekhyunရယ် ရှစ်ကြီးခိုးပါတယ်
မြန်မြန်ဆန်ဆန်ကြည့်ကောင်းမယ့်ဟာလေး
ဝတ်ပါတော့....ငါဆဲလိုက်ရမကောင်းရှိတော့မယ်''

"အောင်မာ....သွားစရာရှိရင်ကြိုပြောထားလေ
အခုမှလာပြီးတော့ မြန်မြန်နှေးနှေးတွေ
လာမပြောနဲ့😕! ''

"အေးပါကွာ...ငါမှားတာ ''

Sehun's pov : လဒကောင်...သူ့အတွက် မနက်ကတည်းက
ပြေးလွှားပြီးလုပ်နေရတာမသိပဲနဲ့
လေသံကိုက ဆောင့်သာကန်ပစ်ချင်တယ်။

အောက်ခံSupermeအကျီအဖြူကို အပေါ်ကနေကုတ်အမဲထပ်ဝတ်ထားတယ်။
ဂျင်းအပြာဘောင်းဘီနဲ့ဆိုတော့...အင်းမဆိုးပါဘူး အဆင်ပြေတယ်..ဒီလောက်ဆို။

"ရပြီလား? "

"Okတယ်...Garjar''

Sehunဆွဲခေါ်ရာနောက်...
Baekhyunလိုက်သွားရတော့တယ်။
ဘာတွေများအဲ့လောက်တောင်အရေးကြီးနေလို ့လဲ?

အချိန်အားဖြင့်ညနေ၈နာရီထိုးနေပြီ
Sehunကားမောင်းနေတာလည်း
နာရီဝက်လောက်ရှိနေပြီ..။

ဘယ်သွားမှာလဲမေးတော့လည်း
ငနာက...ပါးစပ်ပိတ်ပြီးလိုက်ခဲ့ဆိုတာကြီး။

''Sehunမင်းငါ့ကိုကားတင်ပြေးလာတာလား?''

''လဲသေလိုက်လေ...အဲ့မှာ''

''ဒါဖြင့်လည်း...အကျိုးနဲ့အကြောင်းလေးတော့ပြောပြပေါ့...ခွေးလေးရယ်''

ကျွန်တော်လည်းသိချင်တာပေါ့:(
မကောင်းတဲ့နေရာပို့ရင်ဘယ့်နှယ့်လုပ်မလဲ?
အဲ့ကောင်တွေကယုံရတာမဟုတ်ဘူး။

''ဖြစ်နိုင်ရင်လေ...ဒီလောက်စကားများအမေးမြန်းထူနေတဲ့
မင်းကိုကားပေါ်ကနေတွန်းချချင်ခဲ့တာ''

''အဲ့လောက်မကြင်နာနဲ့ 😒''

''အေး...ငါကအဲ့ထက်ကိုကြင်နာချင်သေးတာကွ😤''

Baekhyunဘာမှမပြောတော့ပဲ
ဒီအတိုင်းပဲလိုက်လာတော့တယ်
ပြောလည်းမထူးဘူး။
ကိုယ်ပဲမောတာအဖတ်တင်တယ်။

At 35mins Later

''ဆင်း...ရောက်ပြီ''

''မင်းကရော''

''အရင်သွားနှင့်ငါပြီးရင်
လိုက်ခဲ့မယ်...''

ဟွန်..သူပဲခေါ်တယ်
အခုကျငါ့တစ်ယောက်တည်းလွှတ်ပြန်တယ်
ရူးနေလားမသိဘူး😕

YouTuber & 🐶Where stories live. Discover now