ဒါပေမယ့် အဲ့ဒါတွေအစား Jinhwan ကသူ့ကို
နွေးထွေးစွာဖက်လာခဲ့သည်။တစ်စစီပြိုကွဲလုနီးပါးဖြစ်နေသော သူ့ရဲ့နှလုံးသားအပိုင်းအစများက
Jinhwan ၏ပွေ့ဖက်မှုတစ်ခု နှဖူးပေါ်ကခပ်ဖွဖွ
အနမ်းလေးတစ်ခု နှင့်ပင် ပြန်လည်ပေါင်းစည်းကာနွေးထွေးစွာခုန်ပေါက်လာခဲ့သည်။
"Bin-ah အခုလိုအမှန်တိုင်းသိခွင့်ပေးတာကို
ကျေးဇူးတင်ပါတယ်"
Hanbin မျက်ရည်များမထိန်းထားတော့
ဒီမျက်ရည်များဖြင့်သူ့နှလုံးသားကို ဆေးကြော
လိုက်သည်။

---------------------------------------

နောက်ပိုင်းတွင် Hanbin တို့ Video game အတွက်နှင့်လောင်းကြေးထပ်ကာ ရန်ဖြစ်သည့်
အလုပ်ကိုမလုပ်တော့ရန်ဆုံးဖြတ်လိုက်သည်။
သူဒီအကြောင်းကို သူငယ်ချင်းများအားပြောသည့်အခါ သူ့ကိုစိတ်ဆိုးကာရန်ဖြစ်ကျမည်ဟုထင်
ခဲ့သည်။ Hanbin သူတို့ကျေနပ်တဲ့အထိတောင်းပန်မည်လို့လဲစဉ်းစားထားပြီးဖြစ်သည်။သို့သော်လည်းအံ့သြစရာကောင်းစွာ Hotpot တစ်ဝိုင်းလောက်နှင့်ပင် သူတို့ပြေလည်သွားခဲ့သည်။ ပို၍အံ့သြစရာကောင်းသည်က သူတို့ကိုယ်တိုင်လည်း ထူးထူးဆန်ဆန်းလိမ္မာရန်ကြိုးစား
လာကြခြင်းပင်ဖြစ်သည်။ သူတို့ Video game
ကိုရိုးရိုးသားသား ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဝယ်ရန်
သဘောတူထားသည်။ သိပ်တော့လည်းမခက်ပါချေ။ Hanbin နှင့် Bobby အတွက်ကတော့
ထမင်းတစ်နပ် နှစ်နပ်လောက် အငတ်ခံလိုက်ရင်ရပြီဖြစ်သည်။ သူတို့တကယ်တော့လည်း အငတ်မခံရပါ။ Jinhwan တိုက်ခန်းသို့သွားလျှင်
Hyung ကသူတို့ကိုအမြဲတမ်းထမင်းအလကား
ကျွေးသည်သာဖြစ်သည်။ သူတို့တွေအကုန်လုံး
စာပင်စုလုပ်ဖြစ်ကြသည်။ Yunhyeong ကလည်း Donhyuk နဲ့အတူ college တက်ဖို့ကြိုးစားနေသည်။ Bobby တောင် အိမ်စာလပ်ြနေပြီဖြစ်သည်။ Underground Rap Group
ထဲဝင်ထားသည်ကိုအကြောင်းပြကာ တစ်ချိန်လုံး
အိပ်ငိုက်နေသော်လည်း Bobby တော်တော်ကြိုးစားနေမှန်းကျွန်တော်တို့သိပါသည်။ Chanwoo ကတော့ Game competition
တွေဝင်ပြိုင်ကာ နိုင်လျှင် ကျွန်တော်တို့ကို ကြက်ကြော်ဝယ်ကျွေးတတ်သည်။
ကျွန်တော်ကတော့ ကျွန်တော့်အိမ်မက်ကိုသေချာမသိသေးပါ။ ဒါပေမယ့်လည်း ကျွန်တော့်တွင်
ယုံကြည်မှုအပြည့်ရှိသည်။ ကျွန်တော့် Jinhwan hyung သည် ကျောက်ဆူးတစ်ခုလို ကျွန်တော့်နှလုံးသားတွင် ကျောက်ချထားသောကြောင့်ဖြစ်
သည်။

Make U Proud Where stories live. Discover now