Chapter 2

2.8K 326 7
                                    

ကျွန်​​တော်​ ​ဘေးတစ်​ဖက်​ဆီမှာ အခန်း​တွေရှိတဲ့ လမ်းခပ်​ကျဉ်းကျဉ်း​ကို​လျှောက်​​နေသည်​! ကျွန်​​တော်​ ဘာကိုရှာ​နေတာလည်း? ကျွန်​​တော်​ အ​ရေးကြီးတစ်​စုံတရာကို ရှာ​နေသလို ခံစားရသည်​!

**ဘယ်​မှာလည်း? ရှာမ​တွေ့နိုင်​ဘူး**

ကျွန်​​တော်​ အခန်း​တွေကြားက လမ်းကျဉ်းကျဉ်းမှာ မဟုတ်​​တော့ပဲ အိမ်​အပြင်​ဘက်​က ​လျှောက်​လမ်း​လေး​ပေါ်​ရောက်​​နေပြန်​သည်​! ခြံဝန်းထဲက ​ရှေးရိုးရာ ​ရေခံတဲ့ ဝါးကျည်​​တောက်​က​လေးဆီက တ​တောက်​​တောက်​သံကြား​နေရတယ်​! ​သေချာကြည့်​မိမှ ကျွန်​​တော်​​ရောက်​​နေတာ ဂျပန်​​ရှေးရိုးရာအိမ်​တစ်​လုံးပဲ! အခန်း​အားလုံးရဲ့ သစ်​သားထိုးတံခါး​တွေကို လိုက်​ဖွင့်​ပြီး တစ်​စုံတရာကိုရှာ​နေပြန်​သည်​!

နောက်​ဆုံးကျန်​တဲ့ အခန်းဝမှာ ရပ်​ရင်း လက်​အစုံနဲ့ တံခါးချပ်​ကို အလှမ်း.......

"ငါ့ .....ငါ့ လက်​​တွေက ဘာလို့​သေး​နေတာလည်း"

ထိုးတံခါးကို ဖွင့်​လိုက်​​တော့ အခန်းထဲမှာ ဟာလာဟင်းလင်း!ကျွန်​​တော်​ အခန်းထဲကို လှမ်းဝင်​လိုက်​တယ်​!

"Yukina~"
ခေါ်သံ​ကြောင့်​ အခန်းထဲ ​ဝေ့ကြည့်​မိ​တော့ ကိုယ်​လုံး​ပေါ်မှန်​တချပ်​ကို မြင်​ရတယ်​! မှန်​​ပေါ်က ကျွန်​​တော့်​ ပုံရိပ်​က

"အားးးးးးးးးးးးးးးးးးးးး"

ကျွန်​​တော်​ လန့်​ဖြန့်​ပြီး ​အော်​ဟစ်​မိသည်​! မှန်​ထဲမှာ ကျွန်​​တော်​က ၁၂နှစ်​အရွယ်​က​လေးတစ်​​ယောက်​ ဖြစ်​​နေ​လေသည်​!

"ah~ ha ha ha"
Yukina ​ချွေး​တွေပျံကာ လန့်​နိုးလာသည်​! နံရံက နာရီက ညနှစ်​နာရီကို ညွှန်​ပြ​နေတယ်​ ! အလန့်​တကြား ကိုယ့်​ကိုကိုယ်​ပြန်​ကြည့်​မိ​တော့ ပုံမှန်​ ကျွန်​​တော်​ပါပဲ!

"ဘာလည်းကွာ"

ရုတ်​တရက်​ စိတ်​ရှုပ်​​ထွေးလာပြီး အာ​ခေါင်​​တွေ​ခြောက်​ကပ်​လာသည်​!

"​ရေငတ်​တယ်​"

ကျွန်​​တော်​ ကုတင်​​ပေါ်ကဆင်းပြီး မီးဖို​ချောင်​ဖက်​ထွက်​လာခဲ့သည်​!​ရေခဲ​သေတ္တာထဲက​အေးစက်​​နေတဲ့ ​ရေတစ်​ဘူးကို​မော့​သောက်​လိုက်​​ပေမယ့်​ ရင်​ထဲက အပူက အ​ပြေသလိုပဲ! အခုထိ တစ်​စုံတရာကို ရှာမ​တွေ့လို့ စိုးထိပ်​မှုက ကျန်​​နေ​သေးသည်​!

You, He, Me & StarsWhere stories live. Discover now