Chapter-24

4.7K 195 17
                                    

တနင်္လာ​နေ့မနက်

Tiffany ​အေးစက်​စက်​ခံစားချက်​ကြီးနဲ့နိုးလာ၏။သူမမျက်​လုံး​တွေဖွင့်​လိုက်​​တော့ ​ဘေးက​စောင်​ပုံကြီးကိုမြင်​လိုက်​သည်

"Taetae နင်​​စောင်​ကိုအကုန်​လုံးယူထားတာပဲ!အာ့​ကြောင့်​ ငါချမ်းစိမ့်​စိမ့်​ကြီးဖြစ်​​နေတာကိုး"

နာရီကိုလှမ်းကြည့်​လိုက်​​တော့ သူတို့နှစ်​​ယောက်​ထရမယ့်​အချိန်​​ရောက်​ပြီ

Taeyeon ဘက်​ကိုလှိမ့်​လိုက်​ပြီး ​စောင်​​တွေနဲ့လူသားကိုဖက်​လိုက်​သည်​။

"Taetae ထ​တော့"

Tiffany လှုပ်​နိုး​နေ​ပေမယ့်​ Taeyeon မနိုးပါ။Tiffany ချစ်​သူကိုယ်​​ပေါ်ကိုတက်​ခွပြီး မျက်​နှာ​လေးကိုကြည့်​​ပေမယ့်​ ​စောင်​ကို​ ​ခေါင်းအထိဖုံးပြီးခြုံထားတဲ့ Taeyeon ​ကြောင့်​မမြင်​ရပါ~

"သူပင်​ပန်း​နေတယ်​ထင်​​နေတယ်​"

ချစ်​သူအချိန်​နည်းနည်းပို​အိပ်​လို့ရ​အောင်​လို့ Tiffany သူမပဲအရင်​ထပြီး ​ရေချိုးဖို့ဆုံးဖြတ်​လိုက်​သည်​​။

၁၅ မိနစ်​​လောက်​အကြာ ​ရေချိုးပြီး အဝတ်​အစားလဲပြီးတဲ့​နောက်​ ကုတင်​ဘက်​ကိုပြန်​​လျှောက်​လာ​တော့ ​စောင်​ပုံကြီးမလှုပ်​​သေးတာကို​တွေ့လိုက်​၏

"Taetae ထ​တော့လို့"

စောင်​ကိုဆွဲချ​ဖို့လုပ်​​ပေမယ့်​ Taeyeon ပြန်​ဆွဲကာ မျက်​နှာကိုပြန်​ဖုံးသည်

"၅ မိနစ်​​လောက်​ပါ"

Taeyeon ညည်းရင်း တခြားဘက်​ကိုလှိမ့်​သွားသည်

ချစ်​သူရဲ့ချစ်​စရာ​ကောင်းတဲ့အပြုအမူ​လေးကိုကြည့်​ရင်း Tiffany ရယ်​မိသည်​။
ခေါင်း​လေးခါရင်း

"​စောပါသေးတယ်​​လေ!မနက်​စာအရင်​လုပ်​လိုက်​ရင်​​ကောင်းမယ်​"

မိနစ်​ ၃၀ အကြာ~Tiffany အိပ်​ခန်းထဲကို
ပြန်​​ရောက်​လာ​တော့Taeyeon အိပ်​​နေ​သေးတာကိုမြင်​လိုက်၏။မျက်​​မှောင်​ကြုတ်​ပြီးနှုတ်​ခမ်းဆူမိသွားသည်​​။Taeyeon ဘယ်​တုန်းကမှဒီလိုပျင်းပျင်း
ရိရိမဖြစ်​ဖူးဘူး~သူတို့နှစ်​​ယောက်​ထဲမှာ အရင်​ဆုံးအိပ်​ရာက​နေနိုးတတ်​တာ Taeyeon ပါ

ကျွန်​မချစ်​သူ နှာဘူးမ​လေး Where stories live. Discover now