အသွင်​​ပြောင်း ဖဲချပ်​---1

Start from the beginning
                                    

မြေပြင်​​ပေါ်က ပုံးကို ပြန်​သယ်​...
သက်​ပြင်းကို ​ဆောင့်​ကြီး​အောင့်​ကြီးချလိုက်​ရင်း
အိမ်​​လေးထဲကိုသာ ၀င်​လာခဲ့လိုက်​​တော့သည်​...။

တကယ်​​တော့...
ပတ်​၀န်းကျင်​၏ ​အ​ခြေအ​နေနှင့်​ ကိုက်​ညီ​နေ​သော
သူသည်​...ထိုအချိန်​ကတည်းက
ကျွန်​​တော့်​ကို ​စောင့်​ကြည့်​နေခဲ့သည်​ဆိုတာ...
ကျွန်​​တော်​ မသိခဲ့...။

                  ♣ အသွင်​​ပြောင်းဖဲချပ်​ ♣

မ​နေ့က အိမ်​​ပြောင်းခဲ့သည့်​အရှိန်​နှင့်​...လူက နိုး​တော့
မနက်​ဆယ်​နာရီ​တောင်​ ​ကျော်​​နေခဲ့ပြီ...။
ဝရုန်းသုန်းကားထရင်း...ပြတင်းတံခါးကို ဖွင့်​လိုက်​​တော့
လူမ​နေသည့်​တစ်​ဖက်​ခြံကြီးက ခါးတစ်​၀က်​​လောက်
ကျော်​သည့်​မြက်​ရိုင်းပင်​​တွေနှင့်​...။
ဒီဘက်​ခြံသည်​သာ လူမ​နေသည်​မဟုတ်​...
ဘေးနှစ်​ဖက်​စလုံးက ခြံနှစ်​ခုလုံး လူမ​နေကြ...။

သဘာဝ​လေ​လေးဝင်​လာမှ စိုပြည်​သွားဟန်​ရှိ​သော
အခန်း​လေးကို သ​ဘောတကျလိုက်​ကြည့်​​နေမိရင်းမှ
အခန်းထဲက ​ရေချိုးခန်းရှိရာဆီဝင်​လာခဲ့လိုက်​မိသည်​။
ကျွန်​​တော်​...ဒီအိမ်​ကို နှစ်​သက်​သည့်​အချက်​တစ်​ခု
ပြပါဆိုလျှင်​...အခန်းတိုင်းမှာ ​ရေချိုးခန်းတွဲလျက်​ပါ​နေ
ခြင်းကိုပင်​...။
Ommaတို့နှင့်​ ​နေခဲ့စဉ်​က...​ရေချိုးခန်းဆိုတာ
တစ်​ခုတည်းရှိခဲ့သည်​မို့...အရွယ်​​ရောက်​လာတဲ့
ကျွန်​​တော့်​အတွက်​ သုံးရတာ သိပ်​အဆင်​မ​ပြေလှ...။
အခု​တော့...ကျွန်​​တော့်​စိတ်​ကြိုက်​...ကျွန်​​တော့်​​ရေချိုး
ခန်းနဲ့...။

မျက်​နှာသစ်​...​ရေမိုးချိုးသန့်​စင်​ပြီး...
လူက မ​နေနိုင်​မထိုင်​နိုင်​...၀ရံတာဘက်​​ရောက်​သွားမိ
သည်​...။တကယ်​​တော့...​အောက်​ထပ်​ တန်းဆင်း
မည်​ပြုပြီးမှ...ဘာ​ကြောင့်​...၀ရံတာဘက်​ ထွက်​လာ
ခဲ့မိသည်​ကို နားမလည်​...။

ဝရံတာ လက်​ရန်းကို ကိုင်​ထားရင်းက​နေ...
လမ်း​လေးကို မြင်​ရ​လောက်​တဲ့အထိ ကိုယ်​ကိုငုံ့ကိုင်း
ကြည့်​လိုက်​သည်​...။
ခြေ​ထောက်​တစ်​ဖက်​က ​လေထဲမှာ​မြောက်​လို့...။
အန်​တီအပျိုကြီး မြင်​လို့က​တော့...အပျိုကြီးပီပီ
ဇီဇာ​ကြောင်​ကာ ​အော်​ဟစ်​​နေ​ပေဦးမည်​...။

အ​တွေးနဲ့တစ်​ချက်​ရယ်​လိုက်​ပြီး...
လှည့်​ထွက်​မည်​ပြုလိုက်​မှ...
သတိထားလိုက်​မိသည့်​ အ​ခြေအ​နေ​လေးတစ်​ခု...။
ဝရံတာ တံခါး​ဘောင်​ကို ဆုပ်​ကိုင်​ထားရင်းက
ကျွန်​​တော်​ပဲ စိတ်​ထင်​​နေ​လေ​ရော့သလားလို့
တွေ​ဝေကာ ရပ်​စဉ်းစား​နေမိ​သေးသည်​...။

လှည့်​ကြည့်​လိုက်​​တော့...
ဟင့်​အင်း..ကျွန်​​တော့်​​တွေ​ဝေချက်​ မှားမ​နေခဲ့ပါ...။
မျက်​​စောင်းထိုး အိမ်​က​လေးမှာ...
ခြံ​လေးထဲက ဒန်း​ပေါ်ထိုင်​​နေရင်း...ကျွန်​​တော့်​ကို
စူးစူးစိုက်​စိုက်​ကြည့်​​နေ​သော ​ကောင်​​လေးတစ်​​ယောက်
ရှိ​နေခဲ့ပါသည်​...။

ကျွန်​​တော်​ တန်​ပြန်​စိုက်​ကြည့်​​နေသည့်​တိုင်​...
သူ့ဘက်​က အကြည့်​မလွှဲသွား​သေးဘဲ ကျွန်​​တော်​နှင့်
အပြိုင်​စိုက်​ကြည့်​​နေခဲ့၏...။

အနာဂတ်​ကိုသာ ကြိုမြင်​နိုင်​ခဲ့ရင်​...
ကျွန်​​တော်​ ဒီရပ်​ကွက်​​လေးကို ​ပြောင်းလာမိခဲ့မည်
မဟုတ်​ပါ...။

                  ♣ အသွင်​​ပြောင်းဖဲချပ်​ ♣

#TBC
Intro မို့ ဒီ​လောက်​​လေးနဲ့ပဲရပ်​ထားဦးမယ်​​နော်​​ဝေ့
ဟင့်​အင်း...ဘ၀ခြားတာ​တွေ ဘာ​တွေ မဟုတ်​ဘူး​နော်
နှစ်​​ယောက်​စလုံး လူသား​တွေချည်း...။

စိတ်​၀င်​စားစရာ​ကောင်းမယ်​ထင်​ရင်
Feedback​လေး​တွေ မစခဲ့ကြပါ...။
နောက်​တစ်​ပိုင်းမြန်​မြန်​up​ပေးမယ်​​လေ​နော်​...။ XD
အာ..အာ...အခု cover ကို အတည်​မမှတ်​နဲ့ဦး...
မလုပ်​နိုင်​​သေးလို့...character က​ ​ပြောင်းပြန်​ကြီး
ဖြစ်​​နေတယ်​...။

အားလုံးကို ချစ်​ခင်​.ခင်​မင်​.​လေးစားခြင်းများစွာဖြင့်​...

---အသွင်​​ပြောင်း ဖဲချပ်​--- (Completed)Where stories live. Discover now