Chapter-3

4.9K 262 3
                                    

တနင်္လာ​နေ့မှာ Tiffany ထုံးစံအတိုင်းအလုပ်​သွားသည်​။မနက်​တိုင်း သူမကုမ္ပဏီကိုသွားတဲ့လမ်းမှာ ကိတ်​မုန့်​ဆိုင်​တစ်​ဆိုင်​မှာရပ်​ပြီးသူမအတွက်​ Blueberry cheese ကိတ်​ကိုဝယ်​တတ်​သည်​။အဲ့ဒီဆိုင်​ ထိုကိတ်​မုန့်​ကိုစ​ရောင်းချိန်​ကစပြီး သူမရဲ့​နေ့စဉ်​အလုပ်​တစ်​ခုဖြစ်​လာခဲ့သည်​။သူမအဲ့ဒီကိတ်​မုန့်​ကိုအရမ်းကြိုက်​သည်​။Blueberry cheese ကိတ်​တိုင်းကိုသူမ မကြိုက်​ပါဘူး~အဲ့ဒီဆိုင်​ကတစ်​မျိုးထဲကိုပဲသူမကြိုက်​တာ။အဲ့ဒီမုန့်​ကိုစွဲလမ်းတယ်​​ပြောရမှာ​ပေါ့~အဲ့ဒီကိတ်​မုန့်​ကိုမှမစားရရင်​ သူမရဲ့​နေ့ဟာမပြည့်​စုံသလို့ပါပဲ။ကိတ်​မုန့်​ဆိုင်​ပိုင်​ရှင်​က​တောင်​ Tiffany ကိုပုံမှန်​လာစား​လေ့ရှိတဲ့​ဖောက်​သည်​အဖြစ်​ အသိအမှတ်​ပြုထားသည်​။

Tiffany ကုမ္ပဏီိကို​ရောက်​​တော့လူတိုင်းကသူမကိုနှုတ်​ဆက်​ကြသည်​။ဟုတ်​တာ​ပေါ့~သူမလက်​​အောက်​မှာလုပ်​တဲ့လူ​တွေက သူမကို​နေ့တိုင်းနှုတ်​ဆက်​ရမှာပဲ​လေ~ဒါ​ပေမယ့်​ Tiffany ကသာ သူတို့​အ​ပေါ်​အေးစက်​စက်​ပဲဆက်​ဆံတတ်​တာ။Tiffany က​အေးစက်​စက်​နဲ့​ကြောက်​စရာ​ကောင်းတဲ့လူဖြစ်​တာ​ကြောင့်​ ဘယ်​သူမှသူမမျက်​လုံးကိုကြည့်​ပြီးမနှုတ်​ဆက်​ရဲကြဘူး~သူမမျက်​​စောင်းကိုသူတို့အရမ်းကို​ကြောက်​ကြတယ်

"Good Morning~Miss Hwang"

"Morning Miss Hwang"

"Morning Boss"

သူတို့နှုတ်​ဆက်​ကြသည်​။

ဝန်​ထမ်း​တွေသူမကို​ကောင်း​ကောင်းမွန်​မွန်​နှုတ်​ဆက်​ကြသည်​။ဒါမှမဟုတ်​~အလွန်​​ကောင်း​ကောင်းမွန်​မွန်​လို့​ပြောရင်​ပိုမှန်​မယ်​ထင်​တယ်​။သူတို့​နှုတ်​ဆက်​တာရဲ့​နောက်​မှတစ်​ခုခုရှိမယ်​လို့ Tiffany ခန့်​မှန်းမိတယ်​။သူတို့အသံနဲ့အပြုံးမှာတစ်​ခုခု​ပြောင်းလဲ​နေသလိုပဲ!အသံကပိုပြီးရွှင်​ပြ​နေပြီး အပြုံးကအရင်​ကထက်​ပို​တောက်​ပ​နေကြသလိုပဲ~တစ်​ချို့တစ်​​လေက သူမမျက်​လုံးနဲ့ဆုံ​အောင်​​တောင်​ကြည့်​ရဲ​နေကြသည်

"Yes...Good Morning ပါ"

Tiffany ​အေးစက်​စက်​ပဲပြန်​​ပြောလိုက်​ပြီး မျက်​​မှောင်​ကြုတ်​လိုက်ကာ သူမအခန်းဆီမြန်​မြန်​​လျှောက်​သွားသည်​။

ကျွန်​မချစ်​သူ နှာဘူးမ​လေး Where stories live. Discover now