အပိုင်း[၁]

18.6K 840 12
                                    

တစ်ချိန်က ကျွန်တော်ဆိုတာ သိပ်ကိုသွက်လက်ထက်မြတ်ခဲ့တဲ့ လူငယ်တစ်ဦးပေါ့~

စစ်သူကြီးဆိုသောဖခင်ဂုဏ်ပုဒ်နဲ့အညီ ကျွန်တော်သည်လည်း အရွယ်လေးနဲ့မျှမလိုက်အောင် မြားအတတ်ကိုကျွမ်းကျင်အောင် ဖခင်ဆီကသင်ယူခဲ့ပါတယ်~ ကြွားဝါတယ်လို့ထင်နိုင်ပေမယ့် ကျွန်တော်ဟာ တကယ်ကိုထူးချွန်သူဖြစ်ခဲ့တာအမှန်ပါပဲ~ လေးအတတ်မှာ ပြိုင်ဖက်ကင်းခဲ့တာကြောင့် ဖခင်ဂုဏ်ယူထိုက်တဲ့ သားလိမ္မာဖြစ်ခဲ့တယ် တစ်ချိန်တုန်းပေါ့

မိခင်ကိုတွေ့ခွင့်သိခွင့်မရလိုက်တဲ့ ကျွန်တော်ဟာ ဖခင်နဲ့သာကြီးပြင်းခဲ့ပါတယ်~ လေးစားသူ ရိုသေသူ ချစ်ခင်သူကလည်း ဖခင်ပဲဖြစ်ခဲ့ပါတယ် ဖခင်ဖြစ်သူကိုအရမ်းအရမ်းချစ်ခဲ့သူပ~ ထိုသို့လေးစားရတဲ့ ကျွန်တော့ဖခင်ဟာ တစ်နေ့မှာမတရားစွပ်စွဲခံခဲ့ရတယ်~ ချောက်တွန်းခံရတယ်ဆိုပိုမှန်ပါလိမ့်မယ်~ အမှန်တရားကိုတချို့တွေကသိနေလျက်နဲ့ ချောက်တွန်းသူရဲ့နောက်ခံအင်အားကို ကြောက်လို့ရေငုံနှုတ်ပိတ်နေခဲ့ကြတယ်

ဒါကြောင့် ကျွန်တော့အသက် 14 နှစ်အရွယ်မှာ ဖခင်ဟာ ဘုရင်မင်းတရားရဲ့အမျက်တော်ရှပြီး ရက်ရက်စက်စက် ကွပ်မျက်ခံခဲ့ရတယ်

"လူတွေများရက်စက်လိုက်ပါဘိ" ဆိုတဲ့စကားကို ကျွန်တော် ငယ်ရွယ်ချိန်မှာပဲ သဘောပေါက်နားလည်လိုက်တယ်~ အားကိုးမဲ့သွားတဲ့တစ်ချိန်က သခင်လေးတစ်ဖြစ်လည်း ကျွန်တော့အသက်ဘေးလွတ်ရေးအတွက် အထိန်းတော်ကြီးက ဆောင်ကြာမြိုင်မှာ ဝှက်ထားခဲ့တယ်~ ဆောင်ကြာမြိုင်ခေါင်းဆောင် အမျိုးသမီးကြီးက ဖခင်ရဲ့ကျေးဇူးကိုယူထားဖူးသူဖြစ်လို့ ကျွန်တော့ကို တူလေးတစ်ယောက်လို စောင့်ရှောက်ခဲ့တယ်

ဒါပေမယ့် ကျွန်တော် ဘယ်လိုရှင်သန်ခဲ့ရသလဲ?? အရွယ်မရောက်သေးတာရယ် အကာအကွယ်မဲ့သေးတာရယ် ဆိုတာတွေကြောင့် ကျွန်တော်ဟာ ဆောင်ကြာမြိုင်မှာ မိန်းကလေးလိုဝတ်ဆင်ပြီး ကြီးပြင်းခဲ့ရတယ် ဗျပ်စောင်းတီးတဲ့အတတ်ပညာကို သင်ရင်းတီးခတ်ရင်းက ဆောင်ကြာမြိုင်ရဲ့ ဗျပ်စောင်းမယ်လေးလို့ နာမည်ရလာရင်း ကျွန်တော့ဖခင်ကိုယ်တိုင်ပေးခဲ့သော
Lu Han ဆိုတဲ့ နာမည်ရင်းပျောက်သွားခဲ့တယ်

မောင့်ချစ်သူWhere stories live. Discover now