အလင်း​ရောင်​....

Start from the beginning
                                    

အဖြူ​ရောင်​ပန်းတစ်​ပွင့်​ကိုယူပြီး
အလှပဆုံးပြုံးပြ​နေတဲ့​မေ​မေ့
ဓာတ်​ပုံ​ရှေ့ရပ်​ကာဂါရ၀ပြုလိုက်​သည်​...

'ကျွန်​​တော်​၀မ်းမနဲဘူး​မေ​မေ´

ခပ်​တိုးတိုးရွတ်​ဆိုရင်းအနီးအနားကို
ကြည့်​မိ​တော့​ဖေ​ဖေရှိမ​နေ..
အေးစက်​​နေတဲ့​အိမ်​​ထောင်​​ရေးတစ်​ခု
အတွက်​​ဟန်​​ဆောင်​၀မ်​နဲရိပ်​​တောင်
ဖေ​ဖေမ​ပေးနိုင်​ဘူးထင်​ပါရဲ့.....

ရောက်​လာသမျှဧည့်​သည်​တိုင်းကို
နှုတ်​ဆက်​ရင်းတဖြည်းဖြည်းနဲ့
ဇာပနပွဲ​လေးပြီးဆုံးမဲ့အချိန်​သို့
ရောက်​လာသည်​.....

မေ​မေ့ဓာတ်​ပုံ​လေးကို​ရှေ့ဆုံးမှ
ကျွန်​​တော်​ကိုင်​ကာ​လျှောက်​​နေသည်​...
ထို့​နောက်​တစ်​စတစ်​စ​လောင်​ကျွမ်း
လို့သွားသည့်​​မေ​မေ့ရဲ့ ရုပ်​ကလာပ်​....

'သွားမယ်​...´

'အကို​လေး သူ​ဌေးကအိမ်​မှာပဲတည်းပါတဲ့သူ
ပြောစရာရှိလို့ပါတဲ့´

'​ကောင်းပြီ..​မောင်း​တော့´

ပင်​ပန်း​နေပြီမို့စကားမဆိုဖြစ်​​တော့ပဲ
မျက်​၀န်းများကိုမှတ်​လျက်​ငြိမ်​သက်​စွာ
ကားအတွင်းလိုက်​ပါ​သွားလိုက်​သည်​...

'မနက်​ဖြန်​မှ​ပြောကြတာ​ပေါ့ကျွန်​​တော်​ပင်​ပန်း
နေပြီ´

ဧည့်​ခန်းထဲမှာထိုင်​​နေတဲ့
အရင်​တိုင်းနုပျို​နေဆဲ​ထို
လူကိုတစ်​ချက်​ကြည့်​ရင်း
အိမ်​​ဖော်​မ​လေးပြရာအိပ်​ခန်း
ထဲသိုသာဝင်​လာလိုက်​သည်​....

အဖြူ​ရောင်​အိပ်​ယာထက်
လဲချလိုက်​​တော့မဖိတ်​​ခေါ်ပါပဲ
မျက်​ရည်​စက်​များကျဆင်းလို့လာသည်​...

ကျွန်​​တော့်​အတွက်​အိပ်​ယာ​လေးက​ပေးမဲ့
အမှတ်​တရဆိုတာဘာများပါလိမ့်​...
အခြားက​လေး​တွေလိုအ​မေ​ပြောပြတဲ့
ညအိပ်​ပုံပြင်​​တွေနဲ့ပြည့်​နှက်​​နေရာ၊အ​ဖေ
တစ်​​ယောက်​ရဲ့အိပ်​ယာဝင်​အနမ်းများနဲ့
ပြည့်​နှက်​​နေတဲ့​နေရာမှမဟုတ်​ခဲ့ပဲ....

Light(sun)☀Where stories live. Discover now