လူများ ဥဒဟို သွားလာနေသော လမ်းမကြီးထက် မီးခိုရောင် ဖြူဖျော့ဖျော့ သဏ္ဌာန် တစ်ခုက မလှုပ်မယှက် ...
ပျားပန်းခတ်မျှ သွားလာနေသော လူများက ထိုအရိပ်အား
မြင်ဟန်မတူ. အတန်ကြာတော့ ထိုမီးခိုးရောင်သဏ္ဍန်ဆီမှ လှုပ်ရှားမှု ထွက်ပေါ်လာသည်...
တုန်ယင်နေသော လက်များဖြင့် ခရာ သူမ ခေါင်းကို ဆုတ်ကိုင်လိုက်မိသည်..သူမ ဘယ်နေရာရောက်နေမှန်း သူမ မသိ...
တခါမျှ မမြင်ဖူးသော နေရာ မရောက်ဖူးသောအရပ်ဒေသ ဖြစ်ကြောင်းကိုတော့ စိမ်းသက်နေသော ပတ်ဝန်းကျင်က သက်သေခံနေသည် ...
ငါ ဘယ်နေရာ ရောက်နေတာလဲ ...ဘာတွေ ဘယ်လို ဖြစ်ကုန်တာလဲ..ငါက ဘာလို့ ဒီလမ်းလယ်ခေါင်မှာ ရပ်နေတာလဲ..တစ်ကိုယ်တည်း ရေရွတ်နေရာမှ ဘေးမှ ဖြတ်သွားသူအား မေးမည့်အပြုတွင် ..ထုနှင့်ထည်နှင့် တည်ရှိနေသော ခန္ဓာကိုယ်အား ဖောက်ထွက်သွားသော လက်တစုံကြောင့် သူမ တန့်သွားသည်
ထိုလက်မှာ အခြားမဟုတ် ခရာ ဆိုသော သူမ၏ လက်ပင်...ခရာ တုန်လှုပ်ချောက်ချားမိသွားသည်မှာ ကမ္ဘာပျက် သည့်အလား..
ဘာတွေ ဘယ်လို ဖြစ်ကုန်တယ်ဆိုတာ သူမ မသိ လောလောဆယ် ဖြစ်သွားသည့်အခြေအနေပေါ်ကြောက်ရွံ့တုန်လှုပ်စွာ သူမ 'အား´ တစ်လုံးထဲသာ အာခေါင်ခြစ် အော်လိုက်နိုင်သည်...သို့သော် သူမ၏ အသံအား မည်သူမျှ ကြားဟန်မပြုကြ...
ပြေးသည်...ခြေဦးတည့်ရာပြေးသည်..ရှေ့တွင် မြင်ရသော အရာများအားလည်း သူမ မရှောင်မိတော့ .. မီးခိုးရောင်ဖျော့ဖျော့ ဂါဝန်နဲ့အတူ သူမ၏ ခန္ဓာကိုယ်က အရာဝထ္တု အစိုင်အခဲ များအား ဖြတ်ကျော်ပီး လွင့်ခနဲ အေးခနဲ ..
မုန်းလိုက်တာ ..
ခရာ ထို ခံစားချက်ကြီးကို တကယ် မုန်းတယ်
အသည်းထဲ အေးခနဲ လွင့်ခနဲ ဖြစ်သွားသော ခံစားချက်ကြီးက မကောင်ဆိုးဝါးတကောင်လိုပင်....
ခရာ ခု ဘယ် ဘဝ ရောက်နေတာလဲ...နားလည်သလိုရှိလာပီမို့...ကြောက်အားလန့်အားဖြင့် ခြေဦးတည့်ရာကိုသာ မနားတမ်း ပြေးလာမိသည် ..ဖြစ်ခဲ့တာတွေကို စဉ်းစားကြည့်တော့ တရေးရေး ပေါလာသော ပုံရိပ်များက ခေါင်းထဲ ရောထွေးလျက်...တနေရာအရောက်မှာ ပြေးနေသော ခြေအစုံက တုံ့ခနဲ..မမြင်ရသော အားတစ်ခု၏ ဟန့်တားခြင်းကို ခံလိုက်ရသည်
