" Yifan! သား... ဝတ်ပြီးသားအဝတ်တွေကို ကြမ်းပြင်မှာ ပွထနေအောင် မပုံထားနဲ့နော်။ လျှော်ဖို့အချိန်မရဘူးဆိုရင်လည်း စနစ်တကျခွဲပြီး ပင်မင်းဆိုင်သွားပို့နော်။ တစ်ယောက်ထဲနေတယ်ဆိုပြီး ဖြစ်သလိုမနေနဲ့... အဝတ်အစားတွေကိုလည်း မီးပူတိုက်ပြီးမှဝတ်။ အချိန်ရရင် အိမ်သန့်ရှင်းရေး ဘာလေးလုပ်... "
မနက်မိုးလင်းပြီဆိုတာနဲ့ မွေးသမိခင်ရဲ့မဆုံးနိုင်သော ဆုံးမဩဝါဒများကို ရေကရားထဲကရေလွှတ်သလို အဆက်မပြတ်ကြားရသည်မှာ ထုံးစံ...။ ဒါတောင် တစ်အိမ်ထဲ တစ်နိုင်ငံထဲနေသည်မဟုတ်။
သူမ ခင်ဗျာ တရုတ်နိုင်ငံ ပေကျင်းမြို့ကနေ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့အထိ မနက်တိုင်း... ညတိုင်း... social network တစ်ခုခုနဲ့ ဖုန်းခေါ်ပြီး ဆုံးမဩဝါဒတွေ မှာတမ်းတွေ ခြွေနေကျ!!! တစ်ခါတလေဆို Video call တောင် ခေါ်ပြီး မိန့်ခွန်းတွေဘာတွေပြောသေး...
" အင်းပါ...Mama ရယ် သား အဝတ်တွေ ပုံမထားပါဘူး။ ပင်မင်းဆိုင်ကို သေချာသွားအပ်ပါတယ် ...အ... အား နာလိုက်တာ.... "
နားမှာဖုန်းကိုကပ်ရင်း မွေးသမိခင် မှာကြားသမျှကို နားထောင်ပြီးပြန်ဖြေရင်း မနေ့ညက ဆေးရုံကပြန်ရောက်တာနောက်ကျတော့ လူက မတရားအိပ်ချင်နေတာနဲ့ ဖြစ်သလိုဆွဲချွတ်ကာ ကုတင်ခြေရင်းတွင် ပုံထားသော နက်ခ့်ကတိုင်နဲ့ ခြေထောက်နဲ့ပတ်မိပြီး ခလုတ်တိုက်ကာ ချော်လဲမိခြင်း....
မွေးသမိခင်အလိုကျ ပင်မင်းဆိုင်ပို့ထားတယ်လို့ သာပြောလိုက်ရတာ တကယ်တမ်းက တစ်ပတ်လုံး ဝတ်ထားသမျှအဝတ်တွေက အခန်းထဲမှာပုံရက်သား.... မီးပူတိုက်ဖို့နေနေသာသာ လျှော်တောင်မလျှော်ရသေး
" သား!! Yifan ဘာဖြစ်တာလဲ??? "
ဖုန်းထဲက မွေးသမိခင်ရဲ့အသံဟာ စိုးရိမ်မှုများစွာနဲ့...ဒါကလည်းအဆန်းမဟုတ်။ လက်မထိပ်လေး ဓားရှတာတောင် သူမဟာ ပေကျင်းကနေ ဆိုးလ်အထိကို လိုက်လာမယ်ဆိုပြီးလုပ်တာ... အဲ့ဒါကြောင့် တစ်ခုခုဆို သူမကို ဘာမှမပြောရဲလောက်သည်အထိ။
" ဘာမှမဟုတ်ပါဘူး.... Mama ရယ် သား ခလုတ်တိုက်မိသွားတာ... ဟီး... ဒါပဲနော်... သား ဆေးရုံသွားရတော့မယ်.... "