မူးနေလို့ ဘာမှန်း ရေရေရာရာ မသိခဲ့တာ နှမြောလိုက်လေခြင်း!!

" ဟင် 😳 "

တာဝန် ယူပေးမယ်ပြောတာကို
ထိတ်ထိတ်ပြာပြာနဲ့ ပြူးပြဲသွားတဲ့ ကလေးမလေးကို ကြည့်ပြီး ပြုံးချင်လာပြန်ကော!!

Aww.... oh sehun ကတော့ တစ်ကယ်ကို ရူးနေပါပြီလေ....

" ဟို.. မလိုပါဘူး.. jun ကို အိမ်ပဲ ပြန်ပို့ပေးပါနော်.. ညက jun လဲ တစ်ခါမှ မသောက်ဖူးတဲ့ wine တွေ သောက်လိုက်မိတာမို့.. ဒီလို ဖြစ်သွားတာပါ!! အဲ့ဒါကြောင့် jun မေ့လိုက်ပါမယ်.. oh sehun.sshi လဲ...."

" တော်တော့!! မင်းက oh sehun လိုလူကို ဘာမှတ်နေတာလဲ!! ဒါ ငါ့ရဲ့ ပထမဆုံးညဖြစ်တာကြောင့်... တော်ကြာ မင်းမှာများ တစ်ခုခု ဖြစ်သွားခဲ့ရင်!!
မရဘူး kim jun... မင်း ငါ့အရိပ်အောက်မှာပဲ နေရမယ်... "

" မလိုပါဘူး "

Jun လဲ သူပြောနေရင်း စကားကို ဖြတ်အပြောခံလိုက်ရတာမို့ လန့်သွားပေမယ့်... oh sehun ရဲ့ ခပ်မာမာစကားတွေကြောင့် သူလဲ မာန်ပါပါပဲ ပြန်အော်လိုက်မိတယ်!!

" မင်းအတွက် မလိုအပ်ရင်တောင်.. ငါ့အတွက် လိုအပ်တယ်.. အကယ်၍များ oh sehun ရဲ့ ရင်သွေး ဆိုတာများ ရှိလာခဲ့ရင်.. ဒါဟာ သိပ်ကို ကြီးမားတဲ့ ပြသနာဖြစ်သွားပြီ "

ထိုင်နေရာကနေပါ မတ်တပ်ရပ် လမ်းလျှောက်နေရင်း မျက်နှထား တည်တည်နဲ့ ပြောနေပြန်တဲ့ oh sehun ရဲ့ စကားတွေက သိပ်ကို ကြီးကျယ်နေပြန်တာမို့ 😒 jun မျက်စောင်း တစ်ပွင့်ပါ ပစ်လိုက်မိသေးပါရဲ့!!

" ဟင့်အင်း.. အဲ့လောက်ထိက.. "

Jun စကားပြောနေရင်း.. ဆက်ပြောဖို့မယ့် စကားက.. အမှန်တရားတွေ ပါလာတော့မှာမို့.. jun အတွေးထဲ ပြေးဝင်လာတာက hyung ရဲ့ မျက်နှာ၊ hyung ရဲ့ လျှို့ဝှက်ချက်ကို အဆုံးအထိ ထိမ်းသိမ်းထားရမယ် ဆိုတဲ့ စကားတွေ!!

" 😢😢 "

မျက်ရည်လေး ဝဲဝဲ ဖြစ်နေတဲ့ jun ကို ကြည့်ရင်း oh sehun တောင် သနားမိလာသလိုလို!!

သို့သော်... သူ့ အစီစဉ်တိုင်း ဆက်သွားဖို့ ဆိုတာက...

" doctor နဲ့ စစ်ဆေးဖို့ကလဲ.. oh sehun ဆိုတဲ့ နာမည်အရ ပေါက်ကြားသွားဖို့ မဖြစ်နိုင်တာမို့ 😌 အဲ့တော့ တစ်ခုခု ထူးခြားလာတဲ့ အချိန် တစ်ခုအထိတော့ မင်း ငါ့အဏိပ်အောက်မှာပဲ ရှိနေရမယ် "

" jun 😭😭 jun 😭 "

ဘာပြောရမှန်း မသိတော့ဘူးထင်ပါရဲ့... ယုန်ဖြူလေး တအိအိငိုနေလေရဲ့...
သူလဲ ကြာကြာဆက်ကြည့်နေမိရင် သွားပြေးဖက်လိုက်ပြီး ချော့နေမိတော့မှာမို့... အခန်းပြင်ကို အမြန်ထွက်ဖို့သာ ပြင်လိုက်တော့တယ်!!

" အခု အိပ်ယာက ထပြီး.. ရေချိုးတော့..
အဝတ်စားတွေက ဘေးက ဗီရိုထဲမှာ အများကြီးရှိတယ်.. မင်းကြိုက်တာကို ရွေးဝတ်ခဲ့လို့ ရတယ် "

" hyu.. arni..oppa ကိုတော့ ဘာမှ မလုပ်ပါနဲ့နော် "

သူပြောနေတဲ့ စကားကို ဖြတ်ပြောလိုက်ပြန်တဲ့ ယုန်ဖြူလေးဟာ.. သူ့ အကိုကိုတော့ စိတ်ပူနေပုံ.. သူ့အကို ဘာတွေ ပြောထားသလဲ မသိပေမယ့်.. စိတ်ပူနေပုံရတာကြောင့်.. သူ့အတွက် နိုင်ကွက် တစ်ခုဆိုတာကို ထက်မြတ်လွန်းတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး oh sehun တို့ ချက်ချင်း သဘောပေါက်လိုက်လေသည်..

" ok!! မင်း အကိုကို မထိခိုက်ဖို့ဆိုတာ.. မင်းအပေါ်မှာပဲ မူတည်နေတယ်ဆိုတာ သိတယ်မဟုတ်လား?? မင်း ငါ့စကား နားထောင်နေသရွေ့တော့ မင်းအကို မထိခိုက်စေရဘူး "

" nae.. jun နားထောင်မယ် "

" ok ဒါဆို မနက်စာစားဖို့ ငါအောက်က စောင့်နေမယ်.. မိနစ် ၂၀ အတွင်း ဆင်းလာခဲ့ပါ "

"... "

oh sehun မှာနေသမျှကို ခေါင်းလေး ငုံ့ကာသာ နားထောင်ပြီး.. နှုတ်ခမ်းလေး ထော်ကာ ပွစိပွစိလုပ်နေပြန်တဲ့ ကလေးလေး!!

oh sehun တို့တော့ ရှေ့လျှောက် ဒီ ကလေးနဲ့ အတူနေဖို့ အတော်လေးကို သည်းခံနိုင်စွမ်းတွေ ကျင့်ယူရတော့မည် ထင်ပါရဲ့.........!!

သူ့ဘာသာ တွေးပြီး ပြုံးလိုက်မိပြန်တာမို့ အမြန်ဆုံးသာ အခန်းထဲက ထွက်ခဲ့လိုက်တော့တယ်... မဟုတ်ရင်... ဒီကလေး စောင်ပုံထဲက ထမှာမဟုတ်ဘူးလေ...
.
.
Tbc

ဒီ fic လေးကလေ နည်းနည်း လျှို့ဝှက်ချက်လေးတွေနဲ့ ရေးထားတာပါ!
မပီပြင်တာတော့ ဒီ အော်သာ မမရဲ့ အရေးသား လိုအပ်ချက်တွေကြောင့်ရယ်ပေါ့နော်!

sry for short update😁

ပထမဆုံး HunHo fic လေးကို ချစ်ပေးကြလို့ ကျေးဇူးပါ။

#sofia

White RabbitWhere stories live. Discover now