Page No.(?) in May

272 25 6
                                        

Page No ( ? )In May....

********* ********

ဒီနေ့ရိုက်ကွင်းစောစောပြီးတာမို့Jaejoong အိမ်ပြန်ရောက်လာသည်။ အခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ အခန်းကတိတ်ဆိတ်လျက် ကြိုဆိုမယ့်သူမရှိ Jae သက်ပြင်တစ်ခုမသိမသာချလိုက်မိသည်။ သူသိပ်မုန်းတဲ့အသက်ရှင်နေထိုင်မှုပုံစံတစ်ခုပေါ့ kitchen ထဲဝင်ပြီးဆိုဂျူ တစ်ပုလင်းကိုင်ကာ ဧည့်ခန်းထဲပြန်ဝင်လာပြီး ထိုင်နေမိသည်။သူဘာလုပ်ရမှန်းမသိ။
ဆိုဂျူ တစ်ငုံမော့သောက်လိုက်ပြီး TV ဖွင့်လိုက်သည်။ ရုပ်သံလိုင်းတွေအများကြီးကအစီအစဉ်တွေအများကြီးလာနေပေမယ့် သူတစ်ခုမှစိတ်မ၀င်စားပါ TV ပိတ်လိုက်ပြီ်းပြတင်းပေါက်ဆီလျှောက်သွားလိုက်သည်။ မြို့ရဲ့ညရှုခင်းကအရမ်းလှပနေတာပင်။ဒါပေမယ့် အထီးကျန်စွာလှပနေခြင်းပင်။ Jae ခံစားရတာတွေသက်သာအောင် ဘယ်နည်းလမ်းသုံးသင့်လဲမသိ ။ မူးနေရင်အားလုံးမေ့နိုင်တယ်ပြောလို့ မူးအောင်ကြိုးစားခဲ့ဖူးသည်။မူးနေသော်လည်းနာကျင်နေဆဲမို့ သူမူးဖို့မကြိုးစားတော့ပါ။
တစ်ချို့ကလည်းအချိန်ကကုစားသွားမှာပါတဲ့ သူကတော့အခုအချိန်ထိနာကျင်နေဆဲပင်
Jae အတွေးတွေရပ်လိုက်ပြီး ခြေလှမ်းတွေကိုအိပ်ခန်းဆီဦးတည်လိုက်သည်။ သူအိပ်သင့်နေပါပြီ၊ အိမ်မက်တွေကသာ သူ့ကိုပျော်ရွှင်စေနိုင်မှာပါ ။
တိတ်ဆိတ်နေသော အိပ်ခန်းထဲရောက်ချိန်မှာတော့ Jae မျက်လုံးတွေက ကုတင်ဘေးက အံဆွဲလေးဆီရောက်သွားသည်။
Jae အံဆွဲလေးဖွင့်လိုက်တော့အထဲမှာစာအုပ်လေးတစ်အုပ်။ Jae ယူပြီးစာပွဲပေါ်တင်လိုက်သည်။ ဒီစာအုပ်သက်တမးက ၅နှစ်ကျော်လောက်ပြီ။
Jae ရဲ့ Diary ပါ ။Diary ဆိုပေမယ့်နေ့တိုင်းရေးတာတော့မဟုတ်ပါ။ စိတ်တွေမွန်းကျပ်ပြီးထွက်ပေါက်ရှာမရတော့တဲ့အချိန်တွေမှာသာ ဒီစာအုပ်မှာချရေးဖြစ်တာပင်။ Jae ပြုံးလိုက်မိသည် ။ Jae Diary ရေးမှန်း"သူ"သိရင် အပိုအလုပ်တွေလုပ်နေပြန်ပြီ ဆိုပြီးဆူဦးမလားမသိ။အခုအချိန် ဆူပူအပြစ်တင်သံဖြစ်နေရင်တောင် သူ့ အသံကို Jae တကယ်ကြားချင်နေတာပါ။
Jae ဘောပင်တစ်ချောင်းယူပြီး Diary စရေးဖို့ပြင်လိုက်သည်။
Jae စ ရေးဖို့ပြင်လိုက်ချိန်မှာပဲ မျက်ရည်တွေဝဲတက်လာသည်။
ဒါပေမယ့်ကြိုးစားပြီးစ ရေးလိုက်မိသည်။

Page No.(?) in MayCerita yang bikin terobses. Temukan sekarang