Lock Away

1.2K 142 11
                                    


From "Behind My Eyes"
HunHan Fic Book

...............................................................

New York,Ithacaတွင်​ တည်​ရှိ​သော
Cornell Universityရှိ Psychology
Departmentတစ်​ခု၏ ..နား​နေ​ဆောင်
အတွင်းတွင်​ ဖန်​ဖြင့်​ကာရံထား​သော အလုံပိတ်
တံခါးများထံ မျက်​နှာမူ​​နေ​သော သူ့အကြည့်​က
မိုးစက်​ဖွဲများထံတွင်​ ရပ်​တန့်​​နေ၏ ။

သူမကြိုက်​ပါ ..ခပ်​ဖွဲဖွဲသာ ရွာသွန်း​နေ​သော
မစို့မပို့ မိုး​ရေစက်​များထက်​ ​ကောင်းကင်​တစ်​ခုလုံး
အ​မှောင်​ချကာ ဝုန်းဒိုင်းကြဲရွာသွန်းတတ်​​သော
မိုး​ရေစက်​များကို သူပိုနှစ်​သက်​မိသည်​။

မိုး​စက်​ငယ်​များအား သူ​ငေးရင်း
လက်​ဖြင့်​ မိုးစက်​များကို ထိ​တွေ့ချင်​သည့်
စိတ်​သည်​ သူ့ထံတွင်​​ပေါ်​ပေါက်​လာသည်​။

သူရပ်​​​နေ​သော ​နေရာ၏ ဘယ်​ဘကြ်​ခမ်းတွင်
အပိတ်​အဖွင့်​ လုပ်​လို့ရ​သော ပြတင်း​တံခါး​ပေါက်​အရှင်
ရှိသည်​ ။

သူ့တွင်​ မိုးစက်​များကိုလက်​ဖြင့်​ခံချင်​သည့်
ဆန္ဒရှိ၏ ..သို့​သော်​ သူပြတင်း​ပေါက်​ရှိသည့်
ဖက်​သို့သွားရန်​ ​တွေ​ဝေ​နေပြန်​၏ ။

သူမကြိုက်​ပါ ..အရာရာတိုင်းကို
သေချာဆုံးစဉ်းစား သုံးသပ်​ပြီးမှ
ဆုံးဖြတ်​ချက်​ချနိုင်​သည့်​ သူ့အကျင့်​သည်
ဘာမဟုတ်​သည့်​ မိုး​ရေစက်​များအ​ပေါ်တွင်​လည်း
အားသာ​နေပြန်​သည်​ ။

"​​ဒေါက်​ ​ဒေါက်​!"

တံခါး​ခေါက်​သံ နှစ်​ချက်​တိတိ​ကြောင့်
သူ့အ​တွေးစများ ပျက်​​တောက်​သွားရသည်​ ။

"ဝင်​ခဲ့ပါ"

သူ့ဘက်​က စကားပြန်​လိုက်​ပြီး​နောက်
သူ့ရုံးခန်းငယ်​အတွင်းသို့ ​ကျောင်းသား
တစ်​​ယောက်​ဝင်​လာသည်​ ။

အဝါခပ်​​ဖျော့​ဖျော့ ဆံပင်​အ​ရောင်​နှင့်
ထို​ကျောင်းသား၏ အထူးပြုဘာသာရပ်​သည်
သူသင်​ကြားသည့်​ စိတ်​ပညာဖြစ်​​သော​ကြောင့်
ထို​ကျောင်းသားအား သူသိသည်​ ..။

"မင်္ဂလာပါ ဆရာ Noel"

အာရှသား တစ်​​ယောက်​မှန်းသိသာ
စေ​သော အဝါနှင့်​အဖြူကြား အသားအ​ရေနှင့်​အတူ
လူငယ်​ပီပီ စူးရှထက်​မြတ်​​သော ရှည်​လျား
ကျဉ်း​မြောင်း​သော မျက်​ဝန်းတို့်​ဖြင့်​ ထို​ကျောင်းသား
သည်​ သူ့အား စတင်​နှုတ်​ဆက်​သည်​ ..။

You've reached the end of published parts.

⏰ Last updated: Jan 20, 2018 ⏰

Add this story to your Library to get notified about new parts!

Lock Away Where stories live. Discover now