The Accident

116 4 0
                                        

ကျွန်တော့်ရဲ့ တစ်ဦးတည်းသောညီမ Kyung Soo ကတော့ သီချင်းဆိုရင်း က,လိုက်တာ အားပါပြီး စင်ပေါ်က ပြုတ်ကျလို့ ချိုင်းထောက်တစ်ဖက်နဲ့ ထော့နဲ့ထော့နဲ့လျှောက်ရင်း သိပ်ကို လှပနေတယ်...
ကျွန်တော်ကတော့ သူနဲ့ မလှမ်းမကမ်းက ခုံတန်းမှာ ထိုင်ရင်း ဆေးလိပ်သောက်နေလိုက်တယ်...

Soo ကတော့ ကျွန်တော့်ခုံတန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ နှင်းဆီပန်းခင်းတွေဆီ ငေးကြည့်နေရင်းက ဆေးလိပ်ငွေ့နံ့ရတာကြောင့် နှာခေါင်းရှုံ့တယ်... ပြီးမှ ကျွန်တော့်ဘက်ကို မျက်စောင်းထိုးကြည့်ရင်း...

" Oppa! ဆေးလိပ်တွေ သောက်နေပြန်ပြီ! "

" အဲ့ဒါ ဘာဖြစ်လဲ? "

" Omma နဲ့ တိုင်ပြောမယ်! "

Soo က မျက်လုံးကို ပြူးရင်း မေးငေါ့ပြောတယ်...
ကျွန်တော်ကတော့ ဟက်ခနဲ ရယ်လိုက်ရင်း ခပ်ပြင်းပြင်း တစ်ရှိုက်ဖွာပစ်လိုက်တယ်...

Soo က ကျွန်တော့်ကို ကြည့်ပြီး ခေါင်းခါရင်း...

" ခက်တယ်... ခက်တယ်... Oppa ဆေးလိပ်သောက်တာ မြန်မြန်သေဖို့ ဖြစ်လာတယ်လို့ပဲ မှတ်ရမယ်... ကောင်းတယ်... သောက်...သောက်... အများကြီးသောက်... ပြီးရင် မြန်မြန်သေ... "

ကျွန်တော် Soo ကို မျက်နှာတည်နဲ့ ကြည့်ပြီး ဆေးလိပ်အငွေ့ကို အဝိုင်းအကွင်းတွေပုံသဏ္ဍာန် မှုတ်ထုတ်ပြတော့ Soo ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်...

" ဟယ်! Oppa က အငွေ့ကို အကွင်းလေးတွေ မှုတ်ထုတ်တက်သွားပြီ...? Soo လည်း အဲ့လို အကွင်းလေးတွေ ဖြစ်အောင် လုပ်တတ်ချင်တယ်... Soo ကို သင်ပေး... "

ကျွန်တော်လည်း ဆေးလိပ်ကို မြန်မြန်လက်စသတ်ပြီး မြေပြင်ပေါ်ပစ်ချလို့ ဖိနပ်ထိပ်နဲ့ ကြိတ်ချေပစ်လိုက်တယ်...

" Oppa...a...!!! Soo ကို သင်ပေးပါဆိုမှ!"

" တော်! နင် ဘာမှ မသင်ရဘူး... နင်က ခုမှ ၁၃ နှစ်... ငယ်ငယ်လေးရှိသေးတာ... "

" Aww... Oppa က Soo ထက် ဘယ်လောက် အသက်ကြီးနေလို့လဲ? "

အဲ့ဒီ့လို ကျွန်တော်တို့ မောင်နှမရန်သေးသေးလေး ဖြစ်နေချိန်မှာပဲ ကျွန်တော်တို့မောင်နှမနှစ်ယောက်နဲ့ နည်းနည်းလှမ်းတဲ့နေရာကို အနက်ရောင်ကားတစ်စီး ဗြုန်းခနဲဆို ရောက်လာတယ်...

TrappedWhere stories live. Discover now