1

8 1 0
                                        


စိတ်ထားကောင်းတဲ့သူ ဟုတ် မဟုတ် သိနိုင်မယ့် အချက်များ

BySeng YarPosted on January 24, 2017

လူဆိုတာ တစ်ယောက်တည်း နေလို့ မရပါဘူး ။ အပေါင်း အသင်း အသိုင်း အဝိုင်း နဲ့ ပတ်ဝန်းကျင် ကတော့ လိုအပ် ပါတယ် ။ မိမိ နဲ့ ကိုက်ညီ သင့်လျော် တဲ့ ပတ်ဝန်းကျင် တစ်ခု ကတော့ မရှိ မဖြစ် ပါ ။ ထို ပတ်ဝန်းကျင်တဲ့ ရှိမယ့် လူတွေ က ကိုယ့် အပေါ် စိတ်ရင်း အမှန်နဲ့ ပေါင်းတာလား ဆိုတာ ကိုတော့ ခွဲခြား သိမှ ဖြစ်မှာပါ ။ တချို့ သူတွေ ကတော့ သာပေါင်း ညာစား လုပ်တတ်တဲ့ သဘာဝ ရှိလို့ပါ ။ တချို့ က မိမိ ကို စိတ် အနှောင့် အယှက် ပေးတတ်လွန်းတဲ့သူတွေပါ ။ မိမိဘေးက လူတွေ က စိတ်ထားအမှန်နဲ့ မဟုတ်ပဲ မိမိအပေါ် မကောင်းတဲ့စိတ်နဲ့ ပေါင်းသင်းနေတာလား ဆိုတာကို သိစေနိုင်မယ့် အချက်တွေ ကို ဖော်ပြလိုက်ပါတယ် ။

(၁) ချုပ်ကိုင် ဖို့ ကြိုးစားကျတယ် ။

ဟိုလို မလုပ်နဲ့ ။ ဒီလို မဟုတ်နဲ့ ဆိုပြီး မိမိ အပေါ် ချုပ်ကိုင်ဖို့ ကြိုးစားတတ်ပါတယ် ။ မကောင်းတာ မလုပ်မိအောင် တားဆီး နည်းပြ တာမျိုး မဟုတ်ပဲ သူတို့ အလိုကျ ချုပ်ကိုင် တာမျိုးပါ ။ မိမိနဲ့ ဆိုင်တဲ့ အရာတွေကို သူတို့ သဘောကျတဲ့ အတိုင်းပြောင်းလဲဖို့ ကြိုးစား တတ်ပါတယ် ။

(၂) စည်းကျော် တတ်တယ် ။

မိမိ မကြိုက်ဘူးလို့ပြောတဲ့ အရာတွေကို ဆက်လက် လုပ်နေတတ်ပါတယ် ။ လူတစ်ဦး နဲ့ တစ်ဦး အကြိုက်ချင်း စိတ်သဘောထားခြင်း အကုန် တော့ ထပ်တူ ကျဖို့ ဆိုတာ ခက်ခဲလွန်းတဲ့ အရာ ပါ ။ ထိုအရာ ကို မိမိ က မကြိုက်လို့ မလုပ်နဲ့ ပြောတာကို ဆက်ပြီး လုပ်နေတာမျိုးပါ ။ တချို့ က လူဝလို့ ကိုယ့်ဟာကိုယ်တောင် ဘယ်လို နည်းနဲ့ ပိန်အောင် လုပ်ရမလဲ ဆိုပြီး ကြိုးစားနေတာက် မြင်တဲ့ အချိန်တိုင်း ဖက်တီး ဖက်တီး လို့ ခေါ်တာမျိုးပါ ။ မိမိ က မကြိုက်လို့ ဖက်တီး မခေါ်နဲ့ ပြောပေမယ့် ဆက်ခေါ်နေတာမျိုးပါ ။

(၃) သူတို့ က ဘာမှ မပေးချင်ပဲ သူများ ဆီက ပဲ ယူတတ်လွန်းတယ် ။

မိမိ ဆီကတော့ ဘာပဲရရ အကုန် လိုချင်တယ် ။ သူတို့ ဆီက အရာကို တော့ သိတတ်လွန်းသူတွေပါ ။ ပေးကမ်းခြင်း နဲ့ ရယူခြင်းဆိုတာ ကောင်းသော ဆက်ဆံရေး တစ်ခု ရဲ့ အမှတ်အသား ပါ ။ မိမိ ဆီက တစ်ခု ပေးလိုက်လို့ သူ့ဆီက တစ်ခု ပြန်လို ချင်တာမျိုး မဟုတ်ပါဘူး ။ တစ်ယောက် အပေါ် တစ်ယောက် နားလည်မှု ရှိရမှာပါ ။ မိမိ လိုအပ်တဲ့ အချိန် သူက ရှိပြီး ကူညီ ပေးတတ်သလို ၊ သူလို တဲ့ အချိန်ဆိုလည်း မိမိ က ပြန် ကူညီ ပေးလိုက်တဲ့ အပေး အယူ မျိုးက အဓိကပါ ။ ကိုယ့် အလှည့်ကျတော့ ရရသမျှ အကုန်ယူပြီး သူများ အလှည့်ကျ မသိသလို နေတာမျိုး လုပ်တတ်တဲ့ သူတွေ က စိတ်ထားမကောင်းတဲ့ သူ ဆိုတာ ဖော်ပြနေတဲ့ လက္ခဏာ ပါ ။

(၄) အမြဲမှန်တယ် ။

သူတို့ ပြောတာပဲ အမှန် ၊ သူတို့ပဲ ကောင်းတယ် ဆိုပြီး သူများပြောတာကို ဘယ်တော့မှ နားမထောင် တတ်တာမျိုးပါ ။ အမြင် ဆိုတာ ၃ မျိုး ရှိပါတယ် ။ သူ့ဘက်က အမြင် ၊ ကိုယ့်ဘက် က အမြင် ၊ ဘေးဘက်က အမြင် ပါ ။ သူ့ဘက် ကိုယ့်ဘက်ကို ချင့်ချိန် စဉ်းစား ပြီးမှ ဘယ်သူ့ အမြင် က မှန်လည်း ဆိုတာ သိမှာပါ ။ မိမိ တစ်ဖက်တည်း အမြင် က ကြည့်ပြီး မိမိ မှန်တယ်ချည်း ပြောလို့ မရပါဘူး ။

(၅) တာဝန် မယူတတ်ပါဘူး ။

စိတ်ထားမကောင်းတာ ဆိုတဲ့ နေရာမှာ ခေါင်းရှောင် တတ်တာလည်း ပါပါတယ် ။ တစ်ခုခု ပြောဆိုထား ၊ လုပ်ထားတဲ့ အရာအပေါ် အပြည့် အဝ တာဝန် ယူတတ်တဲ့ စိတ်ရှိရမှာပါ ။ လုပ်တုန်း ပြောတုန်း ကတော့ လုပ်ချင်တာ လုပ်ပြီး တစ်ခုခု ဖြစ်လာတဲ့ အချိန်မှတာဝန် မယူတတ်ပဲ ဟိုလူ့ လက်ညှိုးထိုး ဒီလူ့ လက်ညှိုးထိုး လုပ်တတ်တာမျိုး ပါ ။

MineWhere stories live. Discover now