"ထတော့လေ yeollie"
ဒီလောကမှာထိုအသံလောက်ချိုသာသည့်အသံရှိလောက်ပါ့မလား…
ဒီလောကမှာသူ့လောက်ကြင်နာတတ်တဲ့သူရှိလောက်ပါ့မလား
ဒီလောကမှာသူ့လောက် ကျွန်တော်ကိုလွှမ်းမိုးနိုင်မယ့်သူရှိလောက်ပါ့မလား
အဲ့လိုငါ့ကိုကြင်နာပြတိုင်း မြတ်နိုးပြတိုင်း ငါ့နှလုံးသားတစ်ခုလုံး ဆတ်ဆတ်ခါအောင်နာကျင်ရတာရော မင်းသိမှသိပါ့မလား…
"အိပ်ချင်ယောင်ဆောင်မနေနဲ့ Park Chanyeol-ssi! အစကတည်းကနိုးနေတယ်ဆိုတာသိတယ်"
ဟော…ကြားနေရပြန်ပြီ ခပ်ချိုချိုစကားသံလေးကို… အောင့်ကာအောင့်ကာတက်လာသည့် နာကျင်မှုတွေကအတိုင်းထက်အလွန်…
ကျေးဇူးပြုပြီး ဘာဆိုဘာမှမပြောပါနဲ့လား
"ခက်ပါ့ Channie ရယ်…ဒီကလူကိုအဖက်လေးဖြစ်ဖြစ် အရည်လေးဖြစ်ဖြစ်လုပ်ပါဦးလား"
သေချာတယ်…သူမကျေမနပ်ဖြစ်နေပြီ မကြည့်ဘဲနဲ့သိတယ် နှုတ်ခမ်းရဲရဲလေးကတစ်တောင်လောက်စူထားမှာ…
စိတ်ကူးထဲကသူ့ပုံစံလေးကိုမြင်ယောင်မိတော့ နှုတ်ခမ်းထောင့်စွန်းကကြွက်သားတွေလှုပ်ရှားသွားမိလားမသိ
"ဟဟ…ငါ့ရဲ့ Chanyeollie ပြုံးနေတယ်ကွ!
ငါ့ကြောင့်မဟုတ်လား ဟမ်?"
အပြုံး…ဟုတ်တယ် မင်းကြောင့်… ငါပြုံးမိပြန်ပြီ
မင်းကြောင့်ငါ့ကိုယ်ငါမေ့သွားပြန်ပြီ…
တစ်ဆက်တည်းမင်းကြောင့်ငါ့နှလုံးသားမှာ
အစိမ်းသက်သက်ဒဏ်ရာတစ်ခုတိုးလာပြန်ပြီ…
ဆို့ဆို့တက်လာတဲ့ ခံစားချက်ကလည်ချောင်းထဲထိ…
မုန်းလိုက်တာ…အဲ့ဒီခံစားချက်တွေကို…
နာကျင်ဆို့နင့်မှုတွေက အတိုင်းထက်လွန်သွားတဲ့အခါ နာကျင်မှုသက်သေအဖြစ် လိမ့်ကနဲမျက်လုံးအိမ်မှစီးဆင်းလာတဲ့ပူနွေးနွေးအထိအတွေ့…
"ဟာ…! Chan-er ငိုနေတာလား ငါ…ငါ့ကြောင့်လား မရည်ရွယ်ခဲ့ပါဘူး…
ပြီးတော့ မင်းကျေးဇူးပြုပြီးမငိုပါနဲ့လား မင်းရဲ့မျက်ရည်တွေကိုငါမမြင်ချင်ခဲ့ဘူး ငါ့ကြောင့်မင်းပြုံးနေတာမျိုးကိုပဲ ငါဖြစ်ချင်ခဲ့တာ"
YOU ARE READING
~Cause you~
Fanfictionမင်းကြောင့်... ငါအသက်ရှင်တယ်... မင်းကြောင့်. ငါပြုံးရယ်တယ်... မင်းကြောင့်... ငါ့ရဲ့ဖြစ်တည်မှုကအဓိပ္ပာယ်ရှိလာတယ်... ငါ့ရဲ့ဝင်သက်ထွက်သက်... အသက်ရှူသံ... လှုပ်ရှားမှု... အရာအားလုံးမင်းကြောင့်ပဲ... Baekhyunee~~ Bd Present For Chanyeolismoilife ~~××~~××~~××
