HunHan love 😻

36 2 0
                                    

April 10th, 11:51 PM
အိပ်နေတဲ့သူတွေ မနိုးအောင် တံခါးကို အသာအယာ အသံမထွက်အောင်လှည့်ဖွင့်ပြီး dorm ထဲကို ဝင်လာခဲ့တယ်

ပြတင်းပေါက်မှ တဆင့် အပြင်မှ လမ်းမီးများရဲ့အလင်းရောင်ဖျော့ဖျော့ တွေကြောင့်အနည်းငယ်အလင်းရောင်ရနေတဲ့ dorm ရဲ့ ဧည့်ခန်းမှာ . . . အသက်ရှူသံပြင်းပြင်းတစ်ခု လွှမ်းမိုးနေတယ်

*** flash back ***
[pov- Bejing မှာရှိတဲ့ အမေ့အိမ်ကိုသွားလည်တုန်း ဆေးရုံမှာ ဆေးစစ်ခဲ့တယ် . . .
Bejing မှာနေခဲ့ ၂ပတ်ဟာ တန်ဖိုးရှိပေမယ့် အဓိပ္ပာယ်မဲ့ခဲ့တယ်

နေခဲ့တဲ့တလျှောက်လုံး ဆေးရုံသွားတိုင်း အမေ့ကို မခေါ်ခဲ့ပါဘူး ဒါပေမယ့် . . . နောက်ဆုံး ဆေးရုံသွားပြီး ဆေးစစ်ချက်အဖြေနားထောင်ရမယ့်နေ့ မှာ ဆက်လက်ရှင်သန်ဖို့ အားအင်တွေကုန်ခမ်းသွားသလိုလို ကြောင့် အမေ့ကို အတူနားထောင်ဖို့ ခေါ်မိခဲ့တယ် . . . တကယ်တမ်းတော့ တစ်ယောက်တည်း နားမထောင်ရဲတာပါ
အမေကဘယ်လို ဆေးစစ်ချက်အဖြေကိုကြားသော်ငှားလည်း သိပ်ကို စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီး တစ်ဦးပေါ့ . . . -pov ]

Luhan တစ်ယောက် တာရှည်ခေါင်းကိုက်ဝေဒနာကြောင့် ဒုက္ခရောက်နေခဲ့တာ နှစ်နဲ့ချီနေပါပြီ
နောက်ဆုံးအကြိမ်အဖြစ် member တွေနဲ့အတူBejing TLP concert stage ပေါ်မှာ ရှိနေခဲ့တယ်
ဓာတ်ကုထုံး နဲ့လည်းမကုခဲ့တာကြောင့် ဆံပင်တွေကတော့ အကောင်းပတိအတိုင်းရှိနေတာပေါ့
member တွေကိုသာ အသိပေးခဲ့ရင် သူတို့ တွေဘယ်လောက်တောင် ခံစားလိုက်ရမလဲ . . . သူကိုယ်တိုင်သိပါတယ် သူ့ အတွက် အရာအားလုံးက နိဂုံးချုပ်ခဲ့ပြီ
Luhan ဘယ်လောက်ခံစားနေတယ်ဆိုတာကို ဘယ်သူမှ မရိပ်မိတာ . . သူအတော်သရုပ်ဆောင်ကောင်းတယ်ပြောရမယ်

တကယ်ပြန်တွေးကြည့်မယ်ဆိုရင် အဆိုးရွားဆုံး ဆေးစစ်ချက်အဖြေသိပြီး အိမ်ပြန်လာခဲ့တယ်
Luhan ရောဂါ ဆေးမတိုးနိုင်တော့ကြောင်းကိုလည်း ဆရာဝန် ကိုယ်တိုင်ဝန်ခံခဲ့တယ်
အဲ့ဒီ သတင်းက Fan တွေအားလုံး ရဲ့ နလုံးသားကို တစ်ခါတည်းရိုက်ချိုးပစ်လိုက်သလို ဖြစ်မှာ အမှန်ပါ . . .

''Luhan ၂၄နာရီသာ အသက်ရှင်ရတော့မယ် ''

*** ***
Author's note - အောက်ကို ဖတ်မယ်ဆိုရင်Miracles in Dec သီချင်းလေးကို repeat လုပ်ပြီး ဖတ်ကြည့်ပါလားး)

You've reached the end of published parts.

⏰ Last updated: Jan 11, 2017 ⏰

Add this story to your Library to get notified about new parts!

12:20 Where stories live. Discover now