စွန့်လွှတ်ခြင်း အနုပညာ (Zawgyi)

Magsimula sa umpisa
                                    

"သံပန်းတံခါးကို သော့ခတ်ပါဆိုတာ ဘယ်လိုပြောပြော နားလည်း မထောင်ဘူး" ပြောရင်း အစ်ကိုက နဖူးကို ငုံ့နမ်းလိုက်သည်။ နူးညံ့သော နှုတ်ခမ်း၏ အထိအတွေ့က မင်းခန့်ပါးနှစ်ဖက်ကို နီရဲသွားစေသည်။
"ကျွန်တော် အိပ်ပျော်သွားလို့ ထမဖွင့်နိုင်ရင် အစ်ကို ဝင်မလာတော့မှာ စိုးလို့" မင်းခန့် ဖြေရင်း အစ်ကို့ကို မော့ကြည့်လိုက်သည်။

"အဟ.. အစ်ကို့ကို မတွေ့ရ မနေနိုင် စွဲနေတယ်ပေါ့လေ" အစ်ကိုက ရယ်ရင်း မင်းခန့် နဖူးကို တောက်လိုက်သည်။ မင်းခန့်ကတော့ ဖွေးခနဲလက်သွားသော အစ်ကို့ သွားတွေ အပြင် အစ်ကို့မျက်ဝန်းကို ဖြတ်သွားသည့် ဆွေးရိပ်ကိုပါ မြင်လိုက်မိပါသည်။ ချစ်သူသက်တမ်း ခြောက်နှစ် ကျော်ပြီမို့ အစ်ကို့ မျက်ဝန်းကို အားစိုက်စရာမလိုဘဲ ဘာသာပြန်တတ်နေပါပြီ။
"ထမင်းစားတော့မလား။ ကျွန်တော်ပြင်လိုက်မယ်" ပြောရင်း အစ်ကို့ကို ကြည့်လိုက်တော့ အားတုံ့အားနာ ပြုံးနေသည်ကို မြင်ရသည်ဆိုရင်ပဲ အဖြေကို မင်းခန့်သိနေပါပြီ။

"ကေသွယ်က ညစာ အပြင်ထွက်စားမယ်ဆိုလို့။ အခု အစ်ကိုက မင်းခန့်ကိုပြောစရာရှိလို့ လာတာ"
မင်းခန့်ခြေဖျားအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ ဒီညလား? မင်းခန့် တထိတ်ထိတ် စိုးရိမ်နေရတဲ့ ကိစ္စဟာ ဒီညပဲ ဖြစ်လာတော့မှာလား။

"အဲ့ဒါဆို ဝိုင်သောက်ရင်းပြောကြမလား အစ်ကို ။ ကျွန်တော် ဝိုင်ကောင်းကောင်း တစ်ပုလင်း လက်ဆောင်ရထားတယ်" မင်းခန့် ထထိုင်လိုက်ရင်း အစ်ကို့ကိုပါ ဆွဲထူလိုက်သညိ။

"အဲလိုပဲ လုပ်တာပေါ့" အစ်ကိုက မင်းခန့် ဆံပင်လေးကို ရှုပ်ဖွ ပစ်ရင်း ပြောသည်။

"အလကားနေ ဆံပင်ကိုပဲ လာလာဖွနေတယ်" မင်းခန့်ကပွစိပွစိပြောရင်း ဆံပင်ကို ပုံကျအောင် ပြန်သပ်ကာ မီးဖိုထဲ လျှောက်သွားတော့ ရှပ်တိုက်လျှောက်လာသော ခြေသံ တစ်ခုက လိုက်လာပြီး စားပွဲတွင် ထိုင်လေသည်။

"ဒီမှာကြည့် အမိုက်စားနော်" မင်းခန့်က ဝိုင်ပုလင်းကို အစ်ကို့ မျက်စိရှေ့ ယမ်းပြတော့ အစ်ကိုက မျက်မှောင်ကြုတ်လေ၏။

စွန့်လွှတ်ခြင်း အနုပညာ (စွန့်လွှတ်ခြင်း အနုပညာ)Tahanan ng mga kuwento. Tumuklas ngayon