ဒီဇင်ဘာလ 1 ရက် ....##
ဒီနေ့ရက်စွဲက မှတ်မှတ်ရရပင် ..
ကျွန်တော့ဘဝထဲ ဗြောင်းဆန်သွားခဲ့တဲ့ ရက်စွဲတစ်ခု .. အရှုပ်အထုပ်တွေဝင်လာတာဆို
ပိုမှန်လိမ့်မယ် ။
ကြောက်ခမန်းလိလိ တွေးနေမိရင်း လက်နှစ်ဖက်ကို ယှက်တင်ထားတဲ့ စားပွဲပေါ်က
ကော်ဖီခါးခါးရဲ့ အငွေ့အသက်တွေကို ခံစားနေမိတယ်။
ဒီကော်ဖီငွေ့တွေလို ပူလောင်လိုက်လေ ။
Xiao ..""
အရပ်ရှည်ရှည် .. အသားဖြူဖြူ
မျက်နှာသွယ်တဲ့ကောင်လေးတစ်ယောက်က
အပြေးလေး လာရင်း အော်ခေါ်သည်။
ကိုယ့်ကိုစောင့်နေတာမလား ""
ဟာ?
လာပြန်ပြီ ။ ထင်ရာမြင်ရာလျှောက်ပြောပဲ ။
အားအားယားယား စောင့်နေစရာလား ။
ကိုယ့်ဘာသာ ကော်ဖီလာသောက်တာကို ။
မစောင့်ပါဖူး .. ""
အင်း .. ဒါဆိုဘာလို့ ကိုယ့်ဆိုင်ကိုလာတုန်း!?? ""
ရော် .. coffeeတောင်လာမသောက်ရဖူးလား
မင်း ဖွင့်ထားတာ coffeeဆိုင်လေ ""
Xiက အသည်းအသန်ငြင်းလေတော့
ထိုကောင်လေးက မယုံသလို မျက်ဝန်းတွေနဲ့..
ဟင်း ..ဟင်း ..ဟင်း..ဟင်း
မသိချင်ယောင်ဆောင်နေတယ် ..!!
Xiaoကိုယ့်ကိုတွေ့ချင်နေတာမလား ""
Xi Luhanဗျ ..Xiao Xiaoမခေါ်စမ်းနဲ့ ..
တရုတ် အဓိပ္ပာယ်အရ သမင် သမင်နဲ့
ကြားရတာ ဘာမှန်းမသိ ""
ခေါ်မှာဖဲ Xiao Xiao ..""
Cool styleကြီးနဲ့ကွာ ။
Ageyoတွေ ထုတ်သုံးနေတာ ။
Xi Luတို့ အသည်းတောင်တုန်တယ်။
ဒါတွေ မရင့်ကျတ်နိုင်သေးတာ ..
သဘောမကျပါဖူး .. တောက်တဲ့ အရှုပ်ထုပ်ကြီး ။
သွားပြီ Coffeeလည်းသောက်ပြီးပြီဆိုတော့ ..
ကောင်တာမှာပဲ ပိုက်ဆံရှင်းခဲ့မယ် ""
Xi Luက ချက်ချင်းလက်ငင်း အပေါ်အနွေးထည်ကုတ်ကို ကောက်စွပ်ကာ ထထွက်တော့ ထိုကောင်လေးကပါ မတ်တပ်ရပ်လာသည်။
Xi Lu ဆိုင်အပြင်ကိုထွက်လာတော့ ..
အိုး "" တဝူးဝူး လေအေးက မျက်နှာပေါ်
လာရောက် ပြေးယှက်ကြ၏ ။
