"​ဟော... oppa လာပြီနဲ့ တူတယ်​... လာ unnie မြန်​မြန်​..." ညီမက သူ့အစ်​မကို အခန်းပြင်​ ဆွဲလာပါ​လေတယ်​...

Jungkook, Yeontae ရဲ့ မိဘ​တွေကို နှုတ်​ဆက်​ပြီး Yeontae ကို ​ခေါ်သွား​တော့တယ်​။

ကား​ပေါ်မှာ​တော့ Yeontae တစ်​​ယောက်​ ​ကြောက်​​နေလို့ ဘာစကားမှ​တောင်​ မ​ပြောနိုင်​ရှာဘူး​လေ.... ကား​မောင်း​နေတဲ့ Jungkook က Yeontae အ​ကြောင်းကို သိလို့ Yeontae လက်​က​လေးကို သူ့လက်​တစ်​ဖက်​နဲ့ ပွတ်​​ပေးပြီး "Yeontaeah.... ဘာ​တွေ​ကြောက်​​နေတာလဲ? Oppa မိဘ​တွေကို oppa အရင်​ကတည်းက ​ပြောပြီးသားပဲကို..."

"Arni... ဒါ​ပေမယ့်​ oppa မိဘ​တွေက Yeontae ကို သ​ဘောမကျရင်​ ဘယ်​လိုလုပ်​မလဲ?"

"စိတ်​မပူပါနဲ့ .... Yeontae လို ​မိန်းက​လေးကို ဘယ်​သူက သ​​ဘောမကျဘဲ​ ​နေမှာလဲ?"

Yeontae ဘာမှ ပြန်​မ​ပြော.... ဒီအတိုင်း ငြိမ်​ငြိမ်​​ပဲ ဆက်​လိုက်​လာလိုက်​တယ်​...

.........................

"Nae... ဒါဆို သွားလိုက်​ပါဦးမယ်​​နော်​..." Yeontae, Jungkook မိဘ​တွေကို နှုတ်​ဆက်​ပြီး Jungkook နဲ့အတူ ပြန်​ထွက်​လာလိုက်​တယ်​... အပြန်​လမ်းမှာ​တော့ Yeontae တစ်​​ယောက်​ မျက်​နှာက အလာတုန်းကနဲ့ တခြားဆီ.... ပြုံးဖြီးလို့​နေတာ... oppa မိဘ​တွေက သူထင်​ထားတာထက်​​တောင်​ ပိုပြီး သ​ဘော​ကောင်းတဲ့အပြင်​ သူ့ကိုလည်း ​တော်​​တော်​​လေး သ​ဘောကျပုံရတယ်​​လေ... အဲ့​တော့ Yeontae တစ်​​ယောက်​ မ​ပျော်​ဘဲ ​နေနိုင်​ပါ့မလား...

Yeontae တို့ ဟန်​မြစ်​ကမ်း​လေးဆီ ခဏသွားကြတယ်​... မြက်​ခင်းပြင်​​ပေါ် နှစ်​​ယောက်​သား ထိုင်​ပြီး ​ကြယ်​​တွေ တလက်​လက်​နဲ့ လင်း​နေတဲ့ ​ကောင်းကင်​ကြီးကို ရှုစားလို့​နေတာ​ပေါ့... လကလည်း ဒီ​နေ့ကျ​တော့ ထိန်​ထိန်​ကို လင်းလို့... ​ဆောင်းတွင်းည​လေ​အေး​လေး​တွေကလည်း တဖြူးဖြူးနဲ့..... ညဘက်​ဆို​တော့ ကား​တွေလည်း ရှင်း​ပြီး ပတ်​ဝန်းကျင်​က တိတ်​​ဆိတ်​လို့​နေတာ​ပေါ့... နှစ်​​ယောက်​သား ကိုယ့်​အ​တွေး​တွေနဲ့ ကိုယ်​မို့လို့ ဘာစကားမှလည်း မ​ပြောကြဘူး... စကားမ​ပြောကြ​ပေမယ့်​လည်း အ​တွေး​လေး​တွေကတူ​နေ​တော့ ချစ်​သူနှစ်​ဦးရဲ့ ရင်​ခုန်​သံ​လေး​တွေက စည်းချက်​ကို ညီလို့... Yeontae ​ခေါင်း​လေးကလည်း Jungkook ပခုံး​ပေါ်... Jungkook ကလည်း Yeontae လက်​က​လေးကို ဆုပ်​ကိုင်​ထား.... ဒီညက ထူးထူးဆန်းဆန်း လှပလို့​နေတယ်​​လေ...

OUR MEMORIESМесто, где живут истории. Откройте их для себя