"yah…ငါက မင်းအလုပ်ရှင်…ငါခိုင်းတာ
လုပ် ပြန်မမေးနဲ့"

ဟုတ်တယ်…အော်လိုက်ပြီ…

တကတည်း…ဟိုနေ့ကတော့ သူပဲသတိ
ရတယ်လေး ဘာလေးနဲ့…

ခုမှ မသိသလိုလို…အူတူတူလုပ်နေတာ

"သွား…သွားပြန်တော့"

ကျွန်တော် သူ့ကျောကုန်းလေးကို အသာ
တွန်းကာ မောင်းထုတ်လေတော့…

သူက ကျွန်တော့်လက်တွေကို ဖယ်ချ
ကာ…

"ပြန်မှာပေါ့…ဘာဖြစ်နေတာလဲ?? နေပါ
ဆိုပြီး တောင်းပန်ရင်တောင်မနေဘူး…"

အော်တယ်…ပြန်အော်တယ်ဟ…

တင်းတယ်ကွာ…

ကျွန်တော် သူ့ကို ဂရုမစိုက်ဘဲ တံခါး
passwordနှိပ်နေလိုက်တယ်

"ဒါပေမယ့် yeolက ကျွန်တော်ချစ်တဲ့သူ
ဆိုတော့ ချွင်းချက်"

"ဟင်!!"

သူ့စကားကြောင့် ကျောပေးကာ တံခါးဖွင့်
နေသည့် လက်တို့ autoရပ်သွားသည်

သူ ဖွင့်ပြောနေတာလား??

ကျွန်တော့်ကိုလေ…

ဒီအတိုင်းလေးပြောလိုက်သည့် စကား
ပေမယ့် ကျွန်တော့်ရင်ခုန်သံတို့ဟာ အစိုး
မရစွာ

ဝုန်းဒိုင်းကြဲလို့…

"ကျွန်တော်ပြန်ပြီyeol…phတော့မဆက်
တော့ဘူး billမရှိလို့…"

"အင်!!"

ဆွံ့အသွားရပြန်သူ ကျွန်တော်…

billမရှိလို့ဟုတ်စ…

ဝယ်ထည့်ရင်ဘယ်လောက်ကုန်မှာကျလို့

ငါက ph billဖိုးလောက်တောင် တန်ဖိုး
မရှိဘူးပေါ့လေ…

ကျွန်တော်ဆိုတာကလည်း ph billကို
တောင် မနာလိုဖြစ်တတ်သူ

ပေါက်စ…မုန်းလိုက်တာဆိုတာ…

မြေပြင်ပေါ်က ကျောက်စရစ်ခဲလေးကို
ကောက်ကာ ကျောခိုင်းလမ်းလျှောက်နေသော ပေါက်စကို စပြီး ပစ်ပေါက်ဖို့ ရွယ်လိုက်ပေမယ့်

လက်ပြန်ရုတ်မိသည်

သူနာသွားမှာ…

*******************************
🎹 🎹So I Married My Fan🎹 🎹
*******************************

So I Married My Fan (CB Yaoi) Where stories live. Discover now