Reflection

572 46 1
                                        

ဂျလောက် ဂျလောက် ဂျောက် .....
ကွန်ပျူတာ Keyboard ပေါ်မှာအပြေးလွှားစာရိုက်နေတဲ့အသံတခုက
တိတ်ဆိတ်ခြောက်ကပ်နေသော ပတ်ဝန်းကျင်အနေအထားတစ်ခုကနေ
ထိုးဖောက်ထွက်လျက်ရှိသည် ကျယ်ပြန့်လှသော အခန်းတစ်ခုအတွင်းက
သက်မဲ့အရာအားလုးံက သူနေရာနဲ့သူ စီစီရီရီသပ်သပ်ရပ်ရပ်ရှိနေပေမဲ့
ထိုသက်မဲ့အရာအားလုးံကို မြင်စေနိုင်စွမ်းဌာ မီးအလင်းရောင်တစ်ခုတော့
လိုအပ်နေသည်က အမှန် မဆိုစလောက်လေးလင်းနေသော လျှောက်
လမ်းရဲ့ အပေါ်ဘက်မျက်နှာကျက်က မီးသီးလေးလေးရဲ့အလင်းရောင်
လေးရဲ့ကူညီမှုကြောင့် အခန်းပတ်ဝန်းကျင်က သက်မဲ့ဝတ္ထုတွေရဲ့
အရိပ်သဏ္ဍာန်ကိုတော့ ခပ်ဝိုးတဝါးမြင်နေရသည် သက်ရှိရယ်ဆိုလို့
အိမ်မြှောင် စုပ်ထိုးသံတောင် မကြားရသည့် ခြောက်ကပ်ကပ်နိုင်ပြီး
တိတ်ဆိတ်နေသော အခန်းကျယ်ကြီးရဲ့ စားပွဲတစ်ခုပေါ်က
Computerတစ်လုးံအပေါ်မှာတော့ သက်ရှိလူတစ်ယောက်တဖြစ်လဲ
ကျွန်တော် Do Kyung Soo ကွန်ပျူတာ Screen ရဲ့မီးအရောင်ကို အားကိုးရင်း မပြီးသတ်သေးတဲ့ အလုပ်တွေကို ဖိဖိစီးစီးလုပ်နေမိတယ်
အကြောင်းရင်းက ကျွန်တော် Do Kyung Soo သည် Sunshine Companyရဲ့ Assistant Designer အမည်ခံ သာသာ ဝန်ထမ်း
အားလုးံရဲ့ခိုင်းဖက်လို့တဖြစ်လဲ Company ဝန်ထမ်းတစ်ယောက်ပါ အခုလည်း သူများအလုပ်ကို ကိုယ့်အလုပ်ဟုသဘောထားကာမပြီး
ပြတ်နိုင်သော အထည်စာရင်းများကို ခွဲခြားနေရသည်

Keyboard ပေါ်မှာအလုပ်ရှုပ်နေတဲ့ ကျွန်တော့်ရဲ့လက်တွေကို ခဏအနားပေးရင်း စားပွဲပေါ်က ရေခွက်လေးကို လှမ်းဆွဲပြီး သောက်လိုက်တော့ခွက်ထဲ ရေကမရှိတော့ နှုတ်ခမ်းက လေပူတချက် ဟူးး ခနဲ့မှုတ်ထုတ်လိုက်ပြီး လက်ကနာရီကို ကြည့်လိုက်တော့ ည၁၁နာရီ၁၅မိနစ် ထိုင်ခုံကနေ အညောင်းဆန့်ကာ ထလိုက်ပြီးရေခွက်လေးကိုင်ကာရေထည့်ဖို့အတွက် လျှောက်လမ်းကနေ လျှောက်လာမိသည် Companyရဲ့Rest Room နားအရောက် လမ်းအကွေ့တစ်နေရာမှာတော့ လူတစ်ယောက်နဲ့ဝင်တိုက်မိသည် အလင်းရောင် သိပ်မရှိတဲ့လျှောက်လမ်းပေါ်မှာမို့ ကျွန်တော်လည်း ထိုလူမျက်နှာကို သေသေချာချာမမြင်လိုက်ရပါ Over timeဆင်းနေရ
သောကျွန်တော်နှင့်ဘဝတူ Company ဝန်ထမ်းတစ်ယောက်လို့သာ
စိတ်ထဲသတ်မှတ်ကာတောင်းပန်စကားသာဆိုလိုက်ရင်း ကိုယ်သွားမဲ့နေရာသို့ကိုယ်ထွက်လာခဲ့သည်

Reflection Stories to obsess over. Discover now