Need Candy ?

7.3K 703 43
                                    

ကိုယ့်ဘဝမှာ ....

မွေးဖွားလာပြီးကတည်းက ..

တောင့်တလို့လည်းမရတိုင် တောင့်တခွင့်လည်းမရှိတဲ့  ခပ်မှိန်မှိန် ဆန္ဒသုံးခု ရှိတယ် ။

PaPa ...
လွတ်​​မြောက်​မှု....
အချစ်​ ...

Pa Pa ဆိုတာ ... ​မေတ္တာ​ပေးဖို့​နေ​နေသာသာ ..အသိအမှတ်​​တောင်​သိပ်​မပြုချင်​ပုံ... Appa နဲ့ယှဉ်​နိုင်​မယ်​မှန်းမသိ​ပေမယ့် ...  တခါတ​လေ Appa ကို​တောင်​သဝန်​တိုတယ်​ ..
PaPa အချစ်​​တွေ ရချင်​တိုင်းရ​နေသူကြီး​လေ ....

ဒါပေမယ့် ...

တစ်ခုတော့ရှိတယ် Pa Pa ! ဘယ်လောက်ပဲ မလိုချင်ဘူးပြောနေနေ Wu Sehun က Pa Pa နဲ့ Appa တို့ရဲ့ နှစ်​​ယောက်​မရှိတဲ့သား​ချော ဆိုတာက​တော့​ လူတိုင်းလက်​ခံကြတဲ့အမှန်​တရားပဲ​နေမှာပါ ...
..................................................................

စိတ်ပေါက်ပေါက်နဲ့ တစ်ယောက်တည်း ဟန်မြစ်ဘေးနား လျှောက်နေမိတာ ညနေတောင်တော်တော်စောင်းလို့ နေပြီ ..
မြစ်ဘက်ကို မျက်နှာမူပြီး လောလောလတ်လတ် ဖြစ်ထားတဲ့ ပြဿနာကြီးပေါ်ချဲ့ကား တွေးနေမိတော့ ..

တကယ်ဆို Pa Pa မမှားပါဘူး ..

Pa Pa ကနဂိုထဲက စိတ်ဆတ်ပြီး ဖြစ်ချင်တာ လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တတ်တဲ့လူစားမျိုးဆိုတာ သိနေခဲ့ရဲ့ သိပြီးသားဖြစ်ရက်နဲ့ ရိုင်းပြသလိုဖြစ်မိတယ် .. တကယ်လို့သာ အေးအေးဆေးဆေး ဆက်ပြီးဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ရေနဲ့လည်းအပက်မခံရသလို Appa လည်းစိတ်ဆင်းရဲရမှာမဟုတ်ဘူး ..

ဒါပေမယ့်လည်း ဖြစ်ပြီးသွားခဲ့ပြီ ...

ပြန်​မလာချင်​​ပေမယ့်လည်း....ထွက်​​ပေါက်​မဲ့ Sehun အဖို့အချိန်​တန်​​တော့လည်းအိမ်​ပြန်​ရတာပါပဲ ...

"Sehun လေး "

"ပြန်လာပါ့မလားလို့စောင့်နေတာ ပြန်လာတယ်နော် "

ခမ်းနားမှု အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ ဧည့်ခန်းမှာ Appa ညမအိပ်သေးပဲ ထိုင်စောင့်နေခဲ့တယ် ..

"appa "

"အင်း "

"PaPa တစ်ခုခုလုပ်သေးလား "

Cherish Me Candy (COMPLETED) Where stories live. Discover now