ဟော…သူဆူနေပြန်ပြီ…

ငါကလည်းငါပဲ…ဒီပေါက်စ ပြောသမျှခံ
နေတယ်…

အလကားနားကား…park chan yeol

ကိုယ့်ကိုကိုယ်အလိုမကျဖြစ်ကာ မျက်ခုံး တွေတွန့်ပြီး နှုတ်ခမ်းကြီးပိုဆူမိသည်

"နှုတ်ခမ်းကြီးဆူမနေနဲ့…အသည်းယား
လာရင်ဆွဲနမ်းပစ်မှာ"

"အိ!!"

တစ်ချက်မော့ကြည့်ရင်း ဆိုလာသော
ပေါက်စ စကားကြောင့် မျက်နှာကြောတို့
အလိုလို ပြေလျော့သွားကာ ရှက်ရှက်နှင့်
ပြတင်းပေါက်ဘက် မျက်နှာမူပစ်လိုက်
သည်

နမ်းရဲတာလည်း ဟုတ်ပဲနဲ့…အလကား
ပေါက်စ…လျှောက်ပြောနေတယ်…

ကိုယ့်ကိုယ်ကို စကားတွေပြောနေပြီးမှ
အစိုးမရသော ကျွန်တော့်နှုတ်ခမ်းက ပြန်
ဆူလာပြန်သည်

*******************************
📺 📺 So I Married My Fan 📺 📺
*******************************

"hello!! ဘာလဲပေါက်စ??"

"အယ်…ကျွန်တော့်phနံပတ်မှန်းသိတယ်
ပေါ့"

scheduleပြီးလို့ အိမ်ပြန်ရောက်တာမှ
တစ်နာရီတောင်မပြည့်သေး…

ပေါက်စဆီက phဝင်လာတယ်

"အင်!!"

ပေါက်စ စကားကြောင့် သူမမြင်ရပေမယ့်
ကျွန်တော့်နှုတ်ခမ်းစွန်းတစ်ဖက်က အလို
လိုကော့တက်ပြီးသား

"မနက်က phအရင်ခေါ်တာငါလေကွာ"

"အာ!! အဟီး!!ဟုတ်သား…"

ရယ်ကျဲကျဲနဲ့ပြောနေသော ပေါက်စ
ကြောင့် အလိုလိုပြုံးမိသည်

သူမမြင်ရမှန်းသိနေပေမယ့်လည်း…

"ဒါနဲ့ ဘာလို့phဆက်…"

"သတိရလို့…"

စကားတောင်မဆုံးသေး ဖြတ်ပြောလိုက်
သောပေါက်စကြောင့် စကားလုံးတွေ
တောင် လည်ချောင်းဝကနေ ဗိုက်ထဲအ
ကုန်ပြန်ဝင်သွားရသည်

ဒါကျွန်တော့်ကို သူရည်းစား စကားပြော
နေတာလား??

အဟိ…ရှက်လိုက်တာ…

"yeol ပင်ပန်းနေမှာပဲ…အိပ်ရေးဝအောင်
အိပ်လိုက်နော်…ထမင်းလည်းသေချာ
စား…ပင်ပန်းတယ်ဆိုပြီးလည်း ကော်ဖီ
တွေစွတ်မသောက်နဲ့နော်…ဒါဘဲ အိပ်
တော့"

So I Married My Fan (CB Yaoi) Where stories live. Discover now