"အဟမ်း…မင်းက ငါ့PAဆိုတော့ ငါ့နား
မှာပဲအမြဲရှိနေရမှာ…လိုအပ်တာမှန်သမျှ
လုပ်ပေးရမှာ…ငါခေါ်တဲ့အချိန်လာနိုင်…"

"သိတယ် လုပ်ပေးချင်လွန်းလို့ကို လာခဲ့
တာ…yeolအတွက်ဆိုရင် ဒီကbaek baekကအမြဲအသင့်ရှိနေမှာဗျ…"

အားရပါးရကြီး ပြုံးဖြီးကာပြောနေသော
baek hyunမျက်နှာလေးကို မော့ကြည့်
ကာ chan yeolခိုးပြုံးမိသည်

ချစ်စရာလေး…

"အဟမ်း!!"

ချောင်းတစ်ချက်ဟန့်လိုက်ရင်း ခပ်တည်
တည်မျက်နှာထားနဲ့ ထိုင်နေရာက ထ
လိုက်တော့

နောက်ကပါလာတဲ့ တဖတ်ဖတ်ခြေသံ
ကြောင့် သူပြုံးမိပြန်သည်

အမြဲတက်ကြွနေတဲ့ သူ့PAပေါက်စလေး
နောက်ကလိုက်လာပြီလေ……

*******************************
💽 💽So I Married My Fan💽 💽
*******************************

baek hyunတစ်ယောက် မှေးနေတဲ့မျက်
လုံးအတင်းပြူး ပါးစပ်ကြီးဟကာ သူ့ရှေ့

cameraမီးတွေတဖျတ်ဖျတ်အောက်က
အဖြူရောင် နတ်သားလေးကို မျက်
တောက်မခတ်တမ်းငေးကြည့်နေမိတယ်

ချောရက်လိုက်တာ yeolရယ်…

ချစ်လိုက်တာ…

ချောချစ်ဆိုတာဒါမျိုးကိုပြောတာနေမှာ

"ခ်ခ်"

ကြည့်နေရင်းကပဲ ချောမောလွန်းလှတဲ့
သူ့ကို အားရပါးရဆွဲမွချင်စိတ်တွေ ကိ
လေသာစိတ်တွေ တဖွားဖွားပေါ်လာပြီး

"ဂလု…"

"အယ်…baek hyun စားချင်လို့လား"

"ဗျာ!!!"

မေးသူကိုကြည့်လိုက်တော့ သူနဲ့ စားပွဲ
တစ်ဝိုင်းထဲထိုင်နေတဲ့ xiumin hyung
ဲ့ဘေးက staffမမ

သူမကအငွေ့တထောင်းထောင်းထနေတဲ့
ခေါက်ဆွဲဗူးထဲက ခေါက်ဆွဲဖတ်လေး
တွေကို တူနဲ့ညှပ်ကာ မှုတ်ရင်းပြောလေ
တော့

"ဂလု…"

ဒီတစ်ခါတော့ တကယ် ခေါက်ဆွဲကို ဂလု
မိတာ…အငွေ့ထောင်းထောင်းထနေတဲ့
ခေါက်ဆွဲဖတ်ဝါဝါလေးတွေက baek
hyunကို ဖိတ်ခေါ်နေသယောင်

So I Married My Fan (CB Yaoi) Where stories live. Discover now