ငိုမ​နေပါနဲ့ ခ​လေးရယ်​..
ကိုယ်​​ထွေး​ပွေ့နှစ်​သိမ့်​မိမှာဆိုးလို့ပါ....

ဒါကဘာလဲ Fan Fan..
ကျ​နော့်​အနားက​နေထွက်​သွား​တော့မယ့်​အတွက်
ပထမဆုံး​ခြေလှမ်းများလား......

******¿¿??**********¿¿??*****

"အဲ့ဒါက ဘယ်​လဲ Chanyeol...."

သူ့​လေသံကနဲနဲ​တော့ မာ​နေခဲ့သည်​...

"အပြင်​သွားမို့​လေ....."

သိတာ​ပေါ့ အိမ်​​နေရင်းအဝတ်​အစားနဲ့မှမဟုတ်​ပဲ...

"ဘယ်​သူနဲ့လဲ....ဘယ်​ကိုလဲ..."

"မသိ​သေးဘူး.... အပြင်​​ရောက်​မှ Sehunလဲ
လာချင်​လာမယ်​.... Lay Hyungလဲ
လာချင်​လာလိမ့်​မယ်​....."

"မသွားနဲ့.. ဘယ်​သွားချင်​တာလဲ.. ကိုယ်​လိုက်​ပို့မယ်​.."

"အာ.. ခင်​​ဗျားနဲ့မသွားချင်​လို့​ပေါ့...
သွားမှာပဲ...."

"ဟိတ်​..."

တံခါး​နား​ရောက်​မှ သူ​နောက်​က​နေ ​စွေ့ကနဲ
ပွေ့​ခေါ်လိုက်​​တော့ Chanyeol ​လေထဲ​မြောက်​တတ်​သွားခဲ့သည်​......

"အား ​ဟေ့လူ ချ​ပေး... ချ​ပေးလို့ဆို..."

Yi Fan က ဂရုမစိုက်​စွာ အခန်းထဲထိ​ခေါ်ချလာပီး
ခုတင်​​ပေါ်ပစ်​ချ​လေသည်​...

"ခင်​​ဗျား..."

"အွန့်​..."

ပြောရန်​ပြင်​လိုက်​​သော
စကားလုံးများစွာဟာ ဖိပိတ်​လိုက်​ခြင်းခံရ​သော
နှုတ်​ခမ်း​တွေကြားမှာ ​ပျောက်​ဆုံးသွားရ​လေသည်​....

သူ့အနမ်း​တွေ ကြမ်းသွားခဲ့​လေသလား...
ပုံမှန်​ထပ်​ပိုရဲ​နေသည့်​ နှုတ်​ခမ်း​လေးကို ​ကြည့်​မိ​တော့
ရင်​ထဲ ကျဉ်​ရှသွား​လေသည်​...
မှိတ်​ထား​သော မျက်​ခွံ​လေးကို ဖွဖွ​လေးနမ်းမိပီး...
Chanyeol ကိုယ်​​လေးကို
ရင်​ခွင်​ထဲထည့်​ပီး ဖက်​ထားမိ​လေသည်​...

ဟင်​...သူငို​နေတာလား...
ရုန်း​နေမိတာရပ်​သွားခဲ့ရသည်​က ပခုံးမှာခံစားရ​သော စိုစွတ်​စွတ်​အထိအ​တွေ့​​ကြောင့်​ရယ်​...

"ကိုယ့်​ကိုစိတ်​ဆိုး​နေတာမို့လား....
မလုပ်​ပါနဲ့.. စိတ်​လိုက်​မာန်​ပါ​တွေ...မလုပ်​ရဝူး​နော်​...
ကိုယ်​​တောင်းပန်​ပါတယ်​...."

My Broken PrinceWhere stories live. Discover now