One
အခိုးအငွေ့လေးတွေတထောင်းထောင်းထွက်နေသော ရေပူ ကန်နံဘေးရှိ ကျောက်တုံးလေးပေါ်ထိုင်ရင်း နက်မှောင်လှစွာသော ဆံနွယ်ရှည်ကို ကျောပြင်ထက်ချထားကာ သာယာငြိမ့်ညောင်းသော ပုလွေသံလေးကို တီးမှုတ်နေသောသား ဖြစ်သူကိုကြည့်ရင်း
အင်း သားတောင် အရွယ်ရောက်လာပြီပဲ
ငယ်စဉ်ထဲက ရှေးရိုးရာကို နှစ်သက်ပြီး သိမ်မွေ့နူးညံ့သော သားငယ် ယခုခေတ် လူငယ်များနှင့်ခြားနားလှသောကြောင့် ငယ်စဉ်ကပင် အိမ်တွင် သာ သီးသန့်ပညာသင်ကြားပေးခဲ့သည် ရှုတ်ယှက်ခက်သောကျောင်း တော် ကိုသဘောမကျသောကြောင့်ပင် အစ်ကို ဖြစ်သူနှင့်မတူ ထူးခြားလွန်းသူရယ်ပါ
Kris :: par Luhan ကိုဒီတိုင်းပဲထားတော့မှာလား လူတော်မတိုးရဲဖြစ်လိမ့်မယ် ခုခေတ်က ၂၁ရာစုဗျ
Par ::: သားရယ် Par သိပါတယ် သူကို ဒီနှစ်ဆောင်ကျမ်းကွမ်း ကျောင်းမှာ ထားဖို့ Par စီစဉ်ထားတယ်
ရှည်လျားလှစွာသောသက်ပြင်း တစ်ချက်ကို ချရင်းပေါ့
Lu ::: par ဘာလိုပြောလိုက်တာ ကျွန်တော့်ဆံပင်ကို ဖြတ်ပစ်ရမယ် ပြီးတော့ ဒီဝတ်စုံ တွေကိုလည်း လဲရမယ် ဟအင့် ကျွန်တော်မလုပ်နိုင်ဘူး Par ကျွန်တော် ဒီဝတ်စုံလေးတွေသဘောကျတယ်
ငယ်စဉ်ထဲက ရှေးရိုးရာ ဝတ်စုံလေးတွေသာ ဝတ်လာခဲ့သည်မို့
Kris ::: Luလေးက တစ်သက်လုံးဒီအတိုင်းနေသွားမှာလား လူတိုင်းဟာ ကိုယ်ပိုင် အိမ်မက်တွေရှိကြတယ် ခုခေတ်မှ ခေတ်နဲ့ရင်ဘောင်တန်းနိုင်မှ လူရာဝင်တာ အဲ့ဒါ ညီသိလား
Lu :: ညီ နားလည်ပါတယ် ဒါ ဒါပေမဲ့ ကျွန်တော် မဖြတ်ပါရစေနဲ့ဒီဆံပင်လေးတွေကို ပြီးတော့ အဲ့ကျောင်းမှာ ကျွန်တော် မတက်ချင်ဘူး
Par ;:: မတက်လို့မရဘူး သား အနည်းငယ် ခက်ထန်သွားသော အဖေဖြစ်သူ၏စကားသံကြောင့်
မျက်ဝန်းလေးထက် မျက်ရည်လေးတွေခိုတွဲလို့
ခေါင်းကို သာငုပ်ထားလျက်
MOM :: ရှင်ကလည်း သားမှမတက်ချင်တာကို သား မငိုနဲ့ ကျောပြင်လေးကိုပွတ်သပ်ပေးရင်း
Par :: ကောင်းပြီ မင်း ဆံပင်တွေလည်းမဖြတ်ရဘူး အကျီင်္တွေလဲ မလဲဝတ်ရအောင် Par စီစဉ်ပေးထားတယ် ကျောင်းမှာလဲ သီးသန့်တစ်ယောက်တည်းဆောင် လုပ်ပေးထားတယ်
