Let Me be Your Puppy_4

Start from the beginning
                                    

Baek : ဟွန်း.. အJi ဘာတွေ ပွစိ တက်နေတာလဲပြော...

Ji Ji : ဘာမှ မဟုတ်ပါဘူး..

Yixing : Ji Ji.. ကျွန်တော် မရှိတုန်း Baek လေး ဖျက်ဆီးထားတဲ့ အဖျက်စာရင်း လေးပြပါ...

Ji Ji : ဟုတ်ကဲ့. သခင်ကြီး..
ပန်းအိုးတလုံးရယ် နဲ့ Chen သခင်လေး နက္ခတ်ခန်းက တံခါးတချပ်ပါပဲ။..

Yixing : ဒီတခေါက် အပျက်အဆီး စာရင်းနည်းလှချည်လား.. Baek လေး လိမ်မာလာပြီပေါ့..

Baek : အဟီး... Baek လေး လိမ်...မာ...လာပြီ.. papa...

Yixing : တော်တယ်.. သား Omma ဆီ သွားတွေ့လိုက်အုန်း... ညကျ...

Baek : nae...

Yixing ထွက်သွားတော့ မှBaek သက်ပြင်းချလိုက်ရသည်။..

Baek : ဝှုး.. တော်သေး.. papa မရိပ်မိဘူး..
သွားလိုက်အုံးမယ်..

Ji Ji : ဘယ်ကိုသွားမလို့ပါလဲ။..

Baek : Chennie ဆီ ကို..

Ji Ji : အ့ ကိုမသွားရပါဘူး..ကျန်တာတွေ ခွင့်ပြုပေမဲ့ အ့နေရာက တားမြတ်နယ်မြေပါ...

Baek : သွားမှာပဲ. မရဘူး..

Ji Ji : သွားရင် သခင်ကြီးနဲ့ တိုင်မှာပါ.. ဒါပါပဲ....

Ji Ji ထွက်သွားတော့ Baek မျက်နှာကို ရှုံမဲ့ကာ အကျယ်ကြီး အော်ပစ်လိုက်သည်။...

Baek : ekkk!!!!!! အJi အကျင့်ပုတ်ကြီး......
ဟင့်.. ကိုကိုလောရှည်.. လွမ်းလိုက်တာ......

အရင်လို နန်းတော်ထဲ လျှောက်မွှေနေသော်ငြား ပျော်စရာမကောင်းတော့.. ဒါတောင် ကိုကို နဲ့ ခွဲရတာ တရက် မပြည့်သေးဘူး....

Baek : mama....ဟင့်...

Suho မယ်မယ် ရှိရာ နန်းဆောင်ရှေ့ရောက်တာနဲ့ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း လုပ်ကာ အကယ်ဒမီ ရှော့ခ် လုပ်ရင်း ဝင်လာခဲ့သည်။..

Suho : omma.. သားလေး ဘာဖြစ်လာလဲ. ဘာ လိုချင်လို့လဲ။. Omma တို့ ခရီးခန သွားလိုက်တာ သားလေး ကို ထားခဲ့သလို ဖြစ်သွားတယ်...

Baek : ဟင့်. Mama. Baek လေး ပျင်းလို့ . အ့ အပြင်ထွက်ပြီး လျှောက်ကြည့်ချင်တယ်..

Suho : ကြည့်လေ.. Ji Ji တို့ ခေါ်သွားပေါ့.. နန်းတွင်း အပြင် တောတန်းလေးတွေ က သိပ်သာယာတာပဲ ကို..

●Let Me Be Your Puppy●Where stories live. Discover now