Exo mem တစ်ချို့စုဝေး၍စကားပြောနေချိန်

Myeon တစ်ယောက်သူ့ရဲ့အဖြစ်ပျက်များကိုပြန်လည်ပြောပြဖို့ဆုံးဖြတ်လိုက်သည်

သို့သော် Myeon စိတ်ကိုအဖန်ဖန်တလဲလဲ စစ်ဆေးနေမိသည်

သူတစ်ကယ်လို့များကြုံတွေ့ခဲ့ရတဲ့အဖြစ်ပျက်တွေကို ပြန်ပြောပြလိုက်ရင် သူ့ကို အရူးတစ်ယောက်လိုမြင်ကြမှာသူအရမ်းကြောက်နေမိသည်

ထိုကြောင့် Myeon အကြိမ်ကြိမ်စဉ်းစားနေရာမှာ
နောက်ဆုံးတော့ ဘာတစ်ခွန်းမှမပြောပြသေးတာကောင်းပါတယ်လေ ဆိုသောအတွေးကိုပဲ Myeon လက်ခံမိလိုက်တယ်

နှင်းမှုံလေးတွေ ဖွေးဖွေးလုနေသောဆောင်းတွင်းအချိန်ပေါ့
ဘာလိုလိုနဲ့December တောင်ရောက်ရှိလို့လာခဲ့ပြီလေ

Myeon ရင်ထဲတွင်တစ်စုံတစ်စုံယောက်ကိုလွမ်းဆွတ်တမ်းတနေမိပြန်သည်
ပြတင်းပေါက် ဘောင်ပေါ်သို့မေးတင်ရင်း
သစ်ရွက်ခလေးများပေါ်သို့တစ်စက်ပြီးတစ်စက်တ တောက်တောက်ကျနေသော နှင်းရည်စက်ကလေးများကို Myeon ငေးကြည့်နေဆဲ

Myeon~~Soo ရယ်ငါနင့်ကိုစကားတွေအများကြီးပြောချင်တယ် တစ်ကယ်လို့သာနင်နဲ့ငါဆက်သွယ်လို့ရနေရင် နင်ငါ့အတွက် အချိန်ပေးနိုင်မလား
နင်ကကော ငါ့ကိုယုံကြည်နိုင်မှာလား

Myeon စိတ်ထဲတွင် သူနဲ့ဆက်သွယ်ချင်မိနေသည်
အိပ်မက်လိုလို လက်တွေ့လိုလိုဖြစ်ရက်တစ်ခုကို Myeon ပြန်လည်စဉ်းစားမိလိုက်သည်

D.O. နဲ့Myeon "တယ်လီပသီ"စမ်းသက်တဲ့နေ့ကပေါ့

Myeon စိတ်ထဲတွင် သူအဝေးဆုံးနေရာတစ်ခုကိုလွင့်မြောသွားသည်ဟုခံစားနေရသည်
Myeon လေဟာနယ်ထက်ကိုပေါ့ပါးလို့သွားသည်
သန့်ရှင်းတဲ့လေကိုရှုရိုက်ရင်း Myeon တစ်ခါမှမရောက်ဖူးသေးသော နေရာဆိုတာသတိထားမိနေလေသည်

Myeon ရောက်နေတဲ့နေရာလေးက လမ်းကြားလေးတစ်ခု လမ်းဘေးလေးနှစ်ဖက်မှာ အိမ်ဘုစုခရုလေးတွေ တန်းစီလို့

သို့သော် ထိုနေရာလေးဟာ သူ့ဟာနှင့်သူတော့သာယာလို့နေသည်

ထိုစဉ် ခပ်ဝေးဝေးမှ ကောင်မလေးတစ်ယောက်ထီးပန်းရောင်လေးတစ်ချောင်းရယ် နောက်လက်တစ်ဖက်က ဒိန်ချိန်ဘူးလေးကိုကိုင်လာတာ သူတွေ့မိလိုက်သည်

Myeon ရဲ့အမြက်အာရုံထဲတွင် ထိုကောင်မလေးမှလွဲ၍ တစ်ခြားဘာကိုမှသဲသဲကွဲကွဲမမြင်ရတော့ အားလုံးဝိုးတိုးဝါးတားဖြစ်လို့နေလေသည်

Myeon ကောင်မလေးကိုစိုက်ကြည့်၍
ချက်ချင်းပင်  Myeon ခေါင်းထဲအတွေးတစ်ခုဝင်စောင့်လိုက်သည်

Myeon~~ ဒါငါ့အိပ်မက်ထဲကSoo
ငါ့ရဲ့ လိပ်ပြာကောင်မလေးဘဲ

Myeon ဝမ်းသာအားရနှင့် Soo လို့အော်ခေါ်မိလိုက်သည်

to be continue^^

You've reached the end of published parts.

⏰ Last updated: Aug 02, 2016 ⏰

Add this story to your Library to get notified about new parts!

I can Feel YouWhere stories live. Discover now