သူ့စကား​ကြောင့်​ ကျ​နော်​​ခြေ​ထောက်​​တွေ မခိုင်​ဘဲလဲကျသွား​တော့တယ်​...

ဟင့်​အင်း..မဟုတ်​ပါဘူး...luhan..သူကျ​နော့်​ကို ​နောက်​​နေတာပါ..။ကျ​နော့်​ချစ်​သူက ဘာကိစ္စ​သေရမှာလဲ??

"Xiao Luhan!!ဒါ​နောက်​စရာမဟုတ်​ဘူး!!"

ကျ​နော်​မျက်​ရည်​​တွေကြားက ​အော်​​ပြောလိုက်​​တော့ သူကမဲ့ပြုံးတခုပြုံးလိုက်​ပြီး...

"​နောက်​စရာတဲ့လား??ကျ​နော့်​သူငယ်​ချင်း ​သေဆုံးမှုက ​နောက်​စရာတဲ့လား??"

ဟင့်​အင်း..ကျ​နော်​မယုံဘူး..

"အရိုးပြာ..အရိုးပြာဘယ်​မလဲ??ထားတဲ့​နေရာ ငါ့ကို​ပြော.."

Luhanက ဟက်​ကနဲ တချက်​ရယ်​လိုက်​ပြီး..

"Park Chanyeolခင်​ဗျား ​တော်​​တော်​စိတ်​ပျက်​စရာ​ကောင်းတာပဲ..။မရှိဘူး အရိုးပြာအိုး..။ခင်​ဗျား​ပေးခဲ့တဲ့ အပူမီး​တွေငြိမ်း​အေးပါ​စေဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ သူ့မိဘ​တွေက မြစ်​ထဲပဲ ​မြောခဲ့တယ်​ လူယုတ်​မာရဲ့!"

"ဘာ..သူ့..hyuneeအ​မေတို့်က.."

ကျ​နော်​​ရှေ့ဆက်​မ​ပြော​တော့ဘဲ ပြန်​ထလိုက်​ပြီး တိုက်​ခန်းအပြင်​​ပြေးထွက်​ဖို့ ပြင်​လိုက်​​တော့ luhanက ကျ​နော့်​လက်​ကို ဖမ်းဆွဲရင်း..

"ဒီမယ်​ သူ့မိဘ​တွေဆီလိုက်​သွားမလို့လား??မရူးစမ်းပါနဲ့..မဟုတ်​​တောင်​ သားတ​ယောက်​လုံး ဆုံးရှုံးထားလို့ ခံစား​နေရတဲ့ လူကြီး​တွေဆီ ဘာ​​ကောင်းကျိုးရှိလို့ သွား​တွေ့ဦးမှာလဲ??"

"ဒါ​ပေမယ့်​..ငါမယုံဘူး..ငါမင်း​ပြောတာ​တွေကို တခုမှမယုံဘူး..."

"ဒါ​လေးပြရင်​​ရော??"

ပြော​ပြောဆိုဆိုနဲ့ သူ့အင်္ကျီအိတ်​ထဲက ပစ္စည်း​လေးတခုထုတ်​ပြတယ်​...

ဟင်​..ဒါ..ဒါ​လေးက ကျ​နော်​baekhyunee​မွေး​နေ့တုန်းက လက်​​ဆောင်​​ပေးခဲ့တဲ့ ဆွဲကြိုး​လေး...

ကျ​နော်​ကိုယ်​တိုင်​ သူ့လည်​ပင်းမှာ ဆွဲ​ပေးခဲ့တဲ့ ကြိုး​လေးက ဘယ်​လိုလုပ်​...

"​သေချာကြည့်​ကြည့်​ Park Chanyeol.."

ပြောပြီး ကျ​နော့်​လက်​ထဲထည့်​​ပေးလာတဲ့ ဆွဲကြိုး​လေးကို ကျ​နော်​​သေချာကြည့်​လိုက်​​တော့...

"​သွေး...​သွေး​တွေ..Luhan shi~~"

"သူ​နောက်​ဆုံးထွက်​​သက်​အထိ မချွတ်​တမ်းဆွဲထားခဲ့တာ..။လည်​ပင်းကို ​ဆေးထိုးအပ်​နဲ့Suicideလုပ်​ခဲ့​တော့.....။ခင်​ဗျားမယုံရင်​ ​ဆေးရုံမှာသွား​မေးကြည့်​ပါ.."

ကျ​နော်​ ​နောက်​တကြိမ်​  ​ခွေလဲကျသွားခဲ့တယ်​..

ကျ​နော့်​ရဲ့ လုပ်​ရပ်​က ကျ​နော့်​ချစ်​ရသူအတွက်​ ​သေဆုံးခြင်းကို အ​ရောက်​ပို့လိုက်​တာတဲ့လား??

ကျ..ကျ​နော့်​ရဲ့ အချစ်​ဆုံးသူကို ကျ​နော်​ကိုယ်​တိုင်​ သတ်​လိုက်​တာတဲ့လား??

ကျ​နော်​​ပေါ့​ပေါ့တန်​တန်​​တွေးမိခဲ့တဲ့အရာက ကျ​နော့်​နဲ့သူ့ကို ထာဝရ​ဝေးကွာ​စေခဲ့တယ်​..

ကိုယ့်​ကမ္ဘာအလင်း​ပျောက်​လို့ အ​မှောင်​ဖုံးခဲ့ပါပြီ ချစ်​သူ~~~~

မင်းဝိဥာဉ်​နဲ့အတူ ကိုယ့်​ကိုပါ ​ခေါ်သွားပါ​တော့​နော်​....

______________________________________

To be continued??

<<or>>

The End??

Ok..ok..the end...

Ha..ha..just kidding..

To be continued...ok.

Please enjoy our fics...

We always try for you...

Keep calm down and love chanbaek...

Chanbaek forever

...Saranghae chanbaek...

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 20, 2016 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

♕ Reset ♕ Donde viven las historias. Descúbrelo ahora