"ဘာ​တွေ​ပြော​နေတာလဲ..Luhan shi..​ဖြေပါဦး..ဘာ..ဘာကို မရှိ​တော့တာလဲ??"

ကျ​နော်​ ခါးကုန်းလိုက်​ပြီး luhanပခုံးကို ကိုင်​လှုပ်​ရင်း​မေးလိုက်​​တော့ မျက်​ရည်​စက်​​တွေ တွဲလွဲခို​နေတဲ့ မျက်​၀န်း​တွေ့နဲ့​ကောင်​​လေးက ​မော့ကြည့်​လာပြီး..

"မရှိ​တော့ဘူး..baekhyun​သေပြီ.။ခင်​ဗျား​ကြောင့်​ ခင်​ဗျားhyuneeလူ့​လောကကြီးကို စွန့်​ခွာသွားပြီ လူယုတ်​မာရဲ့.."

"ဟမ်​..ဘာ..ဘာ​တွေ​လျှောက်​​ပြော​နေတာလဲ??luhan shiကလည်း ​နောက်​စရာမဟုတ်​တဲ့ဟာကို.."

ကျ​နော့်​ကို ​နောက်​​နေတယ်​ အထင်​နဲ့ ကျ​နော်​ပြုံးပြီး ​ပြောလိုက်​​ပေမယ့်​ luhanက တိုက်​ခန်းတခုလုံးကို ​ဝေ့ကြည့်​လိုက်​ပြီး ကျ​နော့်​ကိုအ​ဖြေပြန်​​ပေးလိုက်​တယ်​...

သူကြည့်​သလို ကျ​နော်​လိုက်​ကြည့်​လိုက်​​တော့.

တိုက်​ခန်းတစ်​ခုလုံး ပစ္စည်းပစ္စယ​တွေတခုမှ ရှိမ​နေ..။Sofa​တွေ..စားပွဲ​တွေကို​တော့ အ၀တ်​စဖြူ​တွေနဲ့ အုပ်​လို့...

ကျ​နော်​ baekhyunအခန်းထဲ အမြန်​​ပြေးဝင်​ကြည့်​လိုက်​​တော့လဲ ထိုနည်းလည်း​ကောင်း...

"Lu..luhan shi..Baek..Baekhyun​ရော??Baekhyunဘယ်​သွား​နေတာလဲ??သူတ​နေရာရာထွက်​သွားမလို့မလား??"

ကျ​နော့်​ရဲ့ ပြာယိပြာယာအ​မေးစကား​တွေကို luhanက သူ့မျက်​ရည်​​တွေသုတ်​လိုက်​ပြီး ထိုင်​​နေရာက​နေထလိုက်​ကာ..

"ခင်​ဗျားသူ့ကို ရက်​ရက်​စက်​စက်​ ပစ်​ထားခဲ့လို့ သူခံစားရပြီး ​ဆေးရုံတက်​ခဲ့ရတယ်​.."

"ဘာ.."

ကျ​နော်​​လေသံတိုးတိုးသာ ထွက်​လာခဲ့​တော့တယ်​...

"​ဆေးရုံမှာ သူခင်​ဗျားဆီ ဖုန်း​ခေါ်ခဲ့​ပေမယ့်​ ခင်​ဗျားဖုန်းမကိုင်​ခဲ့တဲ့အပြင်​ ဖုန်းပါပိတ်​ပစ်​ခဲ့တယ်​မလား???"

"ဟာ..အဲ့..အဲ့ဒါက..."

"မ​ပြောနဲ့!!!ခင်​ဗျား ဘာမှလာမ​ပြောနဲ့..။ခင်​ဗျားအသံကို ကျ​နော်​မကြားချင်​ဘူး.ခင်​ဗျားသူ့ကို ထားခဲ့လို့ဆိုပြီး baekhyunသူ့ကိုယ်​သူ suicideလုပ်​ပြီး ​လောကကြီးကို ထားသွားခဲ့ပြီ."

You've reached the end of published parts.

⏰ Last updated: Jul 20, 2016 ⏰

Add this story to your Library to get notified about new parts!

♕ Reset ♕ Where stories live. Discover now