안녕하세요

78 5 1
                                        

안녕하세요!!!
မင်္ဂလာပါ..
ညီမက အခု YUFL Korea major တတ်နေပါတယ်..
အရင် korea စာမသင်ခင်တုန်းကဆို ကိုယ်ကြိုက်တဲ့ idol ရဲ့ သီချင်းတွေကို အရမ်းလိုက်ဆိုချင်တာပေါ့..ဒါပေမယ့် ကိုယ်ကလဲမတတ် သင်ပေးမယ့်သူလဲမရှိနဲ့ဆိုတော့ ဖြစ်သလိုဝါးချပြီး ဆိုတာပေါ့.
အခု စာလေးနည်းနည်းပါးပါးရေးတတ်ဖတ်တတ်လာမှ အရင်နှုတ်ထဲစွဲနေတယ့် သီချင်းစာသားတွေအကုန် အလွဲတွေပဲ.. အခုထက်ထိတောင် အမှန်ပြင်လို့မရသေးတဲ့သီချင်းတွေအများကြီးရယ်..
ညီမ ဒီ WP မှာပဲ Learning Korean Language ဆိုတဲ့ နိုင်ငံခြား acc တွေတွေ့လို့ပါ.. Eng လိုဆိုတော့ ကိုယ်ကလဲသိပ်မကျွမ်း. အသံထွက်တွေကို eng လိုရေးထားတော့ ထွက်ရသိပ်ခက်ပါတယ်..
အဲ့တော့ ညီမလဲ ညီမတတ်ထားတဲ့ Korea Basic လေးနဲ့ ကိုယ်ကြိုက်တဲ့ idol တွေရဲ့ သီချင်းတွေလိုက်ဆိုလို့ရတဲ့အထိ တင်သွားမှာပါ..
အသံထွက်မှန်မှန်လေးထွက်လို့ရတော့ အဓိပ္ပါယ်မသိတောင် လူရှိန်တာပေါ့နော်.. နောက် Korean name တွေက မြန်မာပါးစပ်နဲ့ထွက်ရခက်ပါတယ်.. ကိုယ်က korea လိုလဲမရ..သူတို့ eng လိုပေါင်းတာလဲ မဖတ်တတ်ဆိုတော့ တလွဲတွေ အသံထွက်တတ်ပါတယ်..
အဲ့တော့ korea သရ နဲ့ ဗျည်း လေးတွေသိထားရင် နာမည်အသံထွက်လဲမှန်သွားတာပေါ့နော်.
ညီမလဲ ဆရာမကြီးမဟုတ်ပါဘူးနော်. အခုမှလေ့လာနေတုန်းပါ. အများကြီးလဲမသိပါဘူး.. နိုင်သလောက်လေး ကူညီချင်တာပါ..
감사합니다...ကျေးဇူးတင်ပါတယ်...

You've reached the end of published parts.

⏰ Last updated: Jun 29, 2016 ⏰

Add this story to your Library to get notified about new parts!

Learning Korean BasicWhere stories live. Discover now