
Start from the beginning
                                    

အချို့စာမျက်နှာတွေဆို အဲဒါ တကယ်ရောဖြစ်ခဲ့လို့လားလို့ ပြန်တွေးယူမိရဲ့…

အဟင်း…ရယ်တော့လည်း ရယ်ဖို့ကောင်းတယ် လူသားတွေ ဟင့်အင်း… မဟုတ်သေးဘူး …
သူတို့ထဲက တစ်ချို့…ကျွန်တော်အပါအဝင်ပေါ့…

ဒီလောက်ပဲ မေ့လျော့လွယ်သလား…
တစ်ချိန်က လက်နဲ့ချရေး မှတ်တမ်းတင်ထားခဲ့တဲ့ စာမျက်နှာတွေကို တကယ်ဟုတ်ရဲ့လားလို့ ပြန်တွေးနေရအောင်ထိ အမှတ်သည်းခြေမဲ့နေကြသလားလေ…

ဒီလောက်ထိ အလွယ်တကူ မေ့ရက်  မေ့တတ်မယ်ဆိုလည်း တစ်ချို့အရာတွေကိုကျ ဘာလို့များ ခြွင်းချက်အဖြစ် မေ့မရတတ်ကြ ပြန်သလဲ?

အင်း…
ဘယ်လိုကြောင့်များ ကျွန်တော် သူ့ကို မေ့လို့ မရသလဲ?

အဦးဆုံးမို့ ထင်ပါရဲ့…

ပထမဦးဆုံးကျတဲ့ နှင်းက…ဆုတောင်းပြည့်စေတယ်တဲ့
ပထမဦးဆုံးရွာတဲ့မိုးက…သစ်ပင်တွေကို အသက်ဆက်ရှင်နိုင်ဖို့ မျှော်လင့်ချက် အလင်းတန်းကို ပေးတယ်…
ပူအိုက်တဲ့ ရာသီမှာ…ပထမဦးဆုံး  တိုက်ခတ်လာတဲ့ လေပြေက…စိတ်သက်သာမှုကို ခံစားရစေတယ်

ဟုတ်တယ်…
ပထမဆုံးဆိုတဲ့  အရာ အများစုက…
ကျွန်တော်တို့ကို ပျော်ရွှင်စေသလို စိတ်လှုပ်ရှားမှုကို ပေးစွမ်းတယ်…

အဦးဆုံးမို့ မရဲတရဲဖြစ်မိပေမယ့်…
ခံစားချက်တွေအားလုံး
လန်းဆန်း လတ်ဆတ်နေတယ်လေ…

ဟုတ်တယ်…သူက ကျွန်တော့်ရဲ့ အဦးဆုံးလူပါ…

သူ…

သူ့မျက်လုံးတွေဟာ…ဝိုင်းစက်မနေပေမယ့်လည်း
မှေးတယ်ထင်ရတဲ့…ကျွန်တော့်မျက်လုံးထက် ပိုပြီးကြည့်ကောင်းတယ်~လှတယ် ဆိုတာမျိုး

နေရောင်အောက်မှာဆို…သူ့မျက်ဝန်းတွေဟာ…
ညိုဖျော့ဖျော့အရောင်သို့ ပြောင်းသွားတတ်ပြီး…
တစ်ခါတစ်ခါတော့…အနက်ရောင်ဘက်သို့ ပိုတယ်လို့…ထင်မိပြန်ရော…

နှုတ်ခမ်းအောက်ဘက်မှာတော့…
အမာရွတ်တစ်ခုရှိတယ်
ထင်ထင်ရှားရှား အကြောင်းလေးဖြစ်နေတဲ့… အဲဒီအမာရွတ်ကို…မည်သို့မည်ပုံရခဲ့ကြောင်း…
မေးမယ်ကြံရွယ်ခဲ့ဖူးပြီး ယခုထိတိုင်…မမေးဖြစ်ခဲ့…

အချစ်ကို ဦးစွာပေးအပ်ခဲ့မိသောWhere stories live. Discover now