~2~

1.5K 218 10
                                    

"ok~နေ့တွေရှိသေးတာပဲ ထပ်တွေ့တာပေါ့~ခုတော့ ကိုယ်လူနာတွေ စစ်စရာရှိသေးလို့~"

"ဟား...ဟား"

Luhan ရဲ့အမူအရာအတိုင်း မျက်ခုံးကြီးကြုတ် ခပ်တည်တည်လေသံနဲ့ ပြောပြနေတော့~Baekhyun တင်မက Nurse တွေဖြစ်တဲ့ Sulli noona နဲ့ Taeyeon noonaကပါ တဟားဟားနဲ့ပွဲကျနေကြတယ်~

"ငါတို့ Dr Lu ကအဲ့လောက်မဆိုးပါဘူးဟယ်~"

ဝင်ပြောတဲ့ sulli noona ရဲ့အသံက ရယ်ချင်ပတ်ကျိအသံနဲ့~

"မဆိုးလို့သာ တော်ရော့တယ်~လူကိုကြည့်လိုက်ရင် အထက်ဆီးက စကားပြောရင်လည်း မာဆက်ဆက်~မသိရင် ကိုယ့်ကပဲသူ့လုပ်စာ ထိုင်စားနေသလို~ဟွန့်...မနေ့တုန်းကလည်း အဆူခံလိုက်ရသေးတယ်~လူနာဆေးမသောက်တာ ကျွန်တော်နဲ့ဆိုင်လို့လား?? ကျွန်တော်တာဝန်က ဆေးပေးဖို့ပဲလေ သောက်တာမသောက်တာက လူနာ့စိတ်မဟုတ်ဘူးလား??"

စူပုတ်ပုတ်ဖြစ်နေတဲ့ ကျွန်တော့်ကို အကုန်လုံးက ချစ်စနိုးနဲ့ ဝိုင်းစနေကြတယ်~
ဆေးရုံသေးသေးလေးမို့ ဝန်ထမ်းတွေ အားလုံးက မိသားစုလိုဖြစ်နေကာ နောက်မှရောက်လာတယ်ဆိုပေမယ့် အသက်လည်းငယ်တဲ့ ကျွန်တော့်ကို အားလုံးက ဝိုင်းချစ်ပြီး ဝိုင်းလည်းစောင့်ရှောက်ပေးကြပါတယ်~ဟိုလူ့ဂွစာ ကလွဲရင်~

"Dr oh ရေ~Dr Lu ရှာနေတယ်..."

ထမင်းစားဖို့နားနေခန်းထဲဝင်လာတဲ့ yoona noona ပြောကာမှ လက်ကနာရီကိုကြည့်မိတော့

"oh my god~ဒီနေ့ round ရမှာက သူနဲ့မို့လို့ ဂရုစိုက်နေကာမှ နောက်ကျပြီ~အကောခံရတော့မယ် သွားပြီ Baek hyung နဲ့ noona တို့ရေ~"

coffee ခွက်ကို ကမန်းကတန်းအပြီးသက်ကာ ဖို့ရို့ဖားလျားထွက်လာခဲ့တယ်~
ခပ်တည်တည်နဲ့ အလိုမကျတဲ့ မျက်နှာတစ်ခုကစီးကြိုနေမှာ အသေအချာပဲ~
ကျွန်တော် တကယ်ကြီးကို သူဆူတာ မခံချင်ပါဘူးဗျာ~

~~~~~~~~~

"ကျွန်တော် ရောက်ပါပြီ..."

တစ်ချက်သာမော့ကြည့်ပြီး လက်ထဲက patient list ကိုသာကြည့်နေတာမို့ အောက်သက်သက်နဲ့ ရပ်နေလိုက်တယ်~
သူ့ကိုကြည့်မရတဲ့အထဲမှာ အဲ့လို အဖတ်မတန်သလို ဆက်ဆံတာတွေလဲပါတယ်~

HeWhere stories live. Discover now