လူတိုင်းမှာအနည်းဆုံးလျှို့ဝှက်ချက်တစ်စီရှိကြစမြဲဖြစ်သည်။ထိုနည်းတူ သာမန်အထက်တန်းကျောင်းသူဖြစ်သော စန်တာမှာလဲလျှို့ဝှက်တစ်ခုရှိ၏။ သို့သော်ထူးခြားဆန်းကြယ်၏။
ည လူကြီးအိပ်ရာဝင်ချိန် နာရီသံတချက်ချက်သံမှလွဲ၍ တစ်အိမ်လုံးအပ်ကျသံကြားလောက်အောင် အမှောက်အတိတိတ်ဆိတ်လျက်ရှိသည်။ ထိုအချိန် စန်တာတစ်ယောက် အိပ်ရာပေါ်တွင်မရှိ မိဘနပါး ငြိမ်သက်စွာလဲလျောင်းနေသည့် ခုတင်ခြေရင်းတွင် တမင်ခွေထိုင်ရင်း သူတို့ထွက်လာမည့်အချိန်ကို ပျော်ရွင်စွာစောင့်နေ၏။ နာရီရဲ့တို်င်ပင်ကိုက် တစ်ချောက်ချောက် မြည်သံနှင့်အတူ စန်တာ၏လုံးသားများလဲစည်းချက်ညီစွာ တဒုတ်ဒုတ်ခုန်နေသည်။ များမကြာမီ ဟောက်သံများနှင့်အတူ အိပ်ပျော်နေသောမိဘနစ်ပါးကိုယ်ပေါ်မှ အလင်းလုံးလေးနစ်ခု လှုပ်လှုပ်ရွရွ ဖြစ်ကာ လေထဲသို့ လိမ်ယုက်၍ ပျံတက်လာတော့သည်။ သူတို့ထွက်လာကြပြီ။ စန်တာရဲ့ညဘက် ကစားဖော်များထွက်လာကြပြီ။ ထိုအလင်းလုံနစ်လုံးမှာ တခြားမဟုတ် မိခင်နလုံးအိမ်ရှိရာ မှာထွက်ပေါ်လာသော အဝါရောင်ကို ခရမ်းရောင်ဖြင့်ပတ်ကာကွက်သောအဆင်ရှိသည့် လိပ်ပြာလေးနှင့် ဖခင်နလုံးအိမ်မှထွက်လာသော အနီနှင့်အညိုရောင် လိပ်ပြာလေးတို့ဖြစ်သည်။
စန်တာထိုလိပ်ပြာလေးများကို မြင်နိင်သည့်စွမ်းအင်ဘယ်တုံးကဘယ်လိုရခဲ့မသိ။ မိဘနစ်ဦးရဲ့လိပ်ပြာများကိုသာမြင်သည်မဟုတ် တစ်ခြားသူများရဲ့ထူးခြားသောအရောင်အဆင်းရှိသည့်လိပ်ပြာများကိုပါမြင်နိင်၏။ ထိုစွမ်းအင်ကို မူလတန်းကျောင်းသူတစ်ဖြစ်ခါစဝန်းကျင်လောက်မှာရှိလာပြီး စန်တာတစ်ယောက်ထဲထိုသို့မြင်နိင်သည်ကို နောက်ပိုင်းမှာတွေ့ရှိခဲ့ရသည်။သို့သော်ဘယ်သူ့မှမပြောပြ။
ကလေးတစ်ယောက်ဟာထူးခြားတာတစ်ခုခုတွေ့ရင် လျှိုထားတတ်တယ်မှတ်လား
တခြားလူများအဖို့ထိုသို့ထူးခြားပြီးအင်မတန်လှပလှသည့်လူများမှထွက်လာတတ်သောလိပ်ပြာများကိုမမြင်နိင်သည့်အတွက် သနားမိသည်။ ထိုလိပ်ပြာများ၏ ထူးခြားချက်မှာ ညဖက်မှထွက်လာသည်မဟုတ် လူတစ်ယောက်အိပ်ပျော်သွားပြီဆို ထွက်လာတတ်ပြီး ဟိုလျှောက်ပျံဒီလျှောက်ပျံ ဆော့ကစားတတ်ကာထိုလူနိးလာပြီဆိုပြန်ဝင်သွားတတ်သည်။သို့သော် ဘယ်တော့မှ သခင်နှင့်ခြေလှမ်းသုံးထက်ဝေးဝေးမသွား။ ညဖက်ဆိုလင်းနေတတ်သည်။ လူတစ်ယောက်ကို လိပ်ပြာတစ်ကောင်ဆီသာရှိတတ်ပြီး ထိုလူ၏ကိုယ်ကျင့်တရားအပေါ်လိုက်၍ အရောင်မျိုးစုံ အမျိုးအစားမျိုးစုံ အကြီးအသေးမျိုးစုံကွဲပြားသည်။
YOU ARE READING
Beloved Butterfly
Romancesupernatural အမျိုးအစား BL romance mangaတစ်ခုကိုအခြေခံပြီး အပြောင်းအလဲလေးလုပ်ကာ Straight couple version ကိုပြောင်းရေးထားခြင်းဖြစ်သည်။ အရေးအသားမရင့်ကျက်သေးသဖြင့်စာဖတ်သူတို့အာဘော်မတွေ့လျှင်ခွင့်လွှတ်သည်းခံပေးဖို့တောင်းဆိုအပ်ပါသည်။
