ဖြစ်ချင်တော့ ကျွန်တော် ဆန်ပြုတ်ပြုတ်တုန်းက မီးဖိုချောင် အတွင်း ဖွထားခဲ့သော အမှိုက်တွေကို KyungSoo Hyung မနိုးခင် အမြန်သိမ်းဆည်းပြီး ပစ်ရန်အပြင်ထွက်လာခဲ့တဲ့အချိန်။အမှိုက်ထုပ်တွေနှင့် မနိုင်မနင်း ကျွန်တော်ထွက်လာတော့ ခြံရှေ့မှာ ကားတစ်စီးရပ်ထားလေရဲ့။မြင်သည်နှင့် သိသည်လေ Chanyeol Hyung ကားဆိုတာ။ပြန်လာကြပြီပေါ့တွေးပြီး  လျှောက်လာခဲ့သည်က ကျွန်တော့်အမှား။

ကားရဲ့တစ်ဖက်ခြမ်းမှာ နှစ်ယောက်သား ပူးကပ်ကာ အနမ်းချွေနေကြသည်ကို ကျွန်တော်တွေ့တော့ ရုတ်တရပ်ကြောင်အသွားမိရသည်လေ။ဘယ်သူတွေလဲဟု ပြူးပြဲကြည့်မိတော့မှ Baekhyun Hyung နဲ့ Chanyeol Hyung။

နှစ်ယောက်သား ကျွန်တော်ရောက်နေသည်ကိုပင် သတိထားမိပုံမရ။ချစ်ကြည်နူးနေကြသည်မှာ မိုးမမြင်လေမမြင်။ကျွန်တော် မထင်ထားမိသည်မှာ ဒီနှစ်ယောက် ဘယ်တုန်းကများ ဒီလိုအခြေအနေဖြစ်သွားသလဲဆိုတာပင်။အနေအထိုင်ပီရိစွာ ကျွန်တော့်ကို ဖုံးကွယ်ထားခဲ့ကြသည်မဟုတ်လား။

Chanyeol Hyung က Baek Hyung ရဲ့ဆံပင်လေးတွေကို ကြင်ကြင်နာနာသပ်တင်ပေးနေပြီး Baekhyun Hyung ရဲ့လက်က Chanyeol ရဲ့ခါးကိုဖက်ထားလျက် နှစ်ယောက်သား love scene ရိုက်နေသလားထင်ရလောက်အောင်ပင်။ကျွန်တော်လဲ ကြည့်ကောင်းကောင်းနှင့် အမှိုက်ထုပ်ဆွဲကာကြည့်နေလိုက်သည်။ကျွန်တော့်ကိုတွေ့ရင် နှစ်ယောက်သားဖြစ်သွားမည့် မျက်နှာတွေကို မြင်ချင်မိပါသည်။

အချိန်အတော်ကြာတော့ နှစ်ယောက်သား အိမ်ထဲဝင်လာကြလေရဲ့။ကျွန်တော်ခြံထဲရပ်နေသည်လဲတွေ့ရော Baekhyun Hyung မျက်ဝန်းမှေးမှေးတွေ KyungSoo Hyung လောက်နီးနီး ပြူးကျယ်သွားလေရဲ့။ကျွန်တော်လဲ မိုက်ကြည့်ကြည့်ပေးနေတော့ နှစ်ယောက်သား ရှက်ကိုးရှက်ကန်းနှင့် ဘာတွေလုပ်နေကြမှန်းမသိ။အဲ့ဒါနဲ့ပဲ အခုလို စစ်မေးမိကြသည်လေ။

"Hyung တို့ ဘယ်တုန်းကထဲက ချစ်သူတွေဖြစ်နေကြတာလဲ  ကျွန်တော်နဲ့ မသိခင်ကထဲကလား "

"မဟုတ်ပါဘူး Jongin ရယ် မင်းနဲ့ သိပြီးမှပါ ငါတို့နှစ်ယောက် တွဲတာလဲ မကြာသေးပါဘူး နှစ်လလောက်ပဲရှိပါသေးတယ် "

ချစ်တယ် Hyung ရယ်Where stories live. Discover now