လွန်ခဲ့တဲ့နှစ်ပေါင်း 1000 ကျော်...တိတိကျကျပြောရရင် နှစ်ပေါင်း 1220 လောက်ကပေါ့...Mystery Forest ထဲမှာ Vampires တွေနဲ့ Werewolves တွေရဲ့ပြင်းထန်လွန်းတဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့တယ်...
အုပ်စုနှစ်စုလုံးဘက်ကအသေအကြေ အပျက်အစီးတွေ များခဲ့ကြတာပေါ့...
အဲ့ဒီအချိန်မှာပဲ Vampires တွေဘက်က အနာဂတ်ကိုကြိုမြင်နိုင်သူတဦးက ဟောကိန်းထုတ်ခဲ့တယ်...
Kiara : ကောင်းကင်မှာ Red Moon ထွက်ပေါ်မယ့်နေ့...အဲ့ဒီနေ့မှာ Vampire prince ရယ် Werewolf prince ရယ်မွေးဖွားမှာဖြစ်တယ်...သူတို့နှစ်ယောက်ရဲ့ ကံဇာတာက ဆန်းကြယ်လှတယ်...ဒီတိုက်ပွဲကို သူတို့နှစ်ယောက်က အဆုံးသတ်ရမယ့်ကံပါလာတာပါ...
ဒီလိုနဲ့ ခေါင်းဆောင်နှစ်ယောက်က ကတိပြုခဲ့ကြတယ်...သူတို့အုပ်စုနှစ်စုကြားကတိုက်ပွဲကိုခဏရပ်ဖို့ရယ်...တိုက်ပွဲ မတိုင်မီအချင်းချင်း အန္တရာယ်မပြု ဖို့ရယ်ပေါ့...
ဒါပေမဲ့ အနာဂတ်ကိုကြို မြင်တဲ့ Kiara က ဟောကိန်းထုတ်ရာမှာ တခုလိုအပ်ခဲ့တယ်...
Red Moon Day မှာ Demon Prince လဲမွေးဖွားမယ်ဆိုတာကိုပေါ့... အမှောင်လောကရဲ့ စွမ်းအင်တွေက သူမရဲ့အာရုံကို ဖုံးလွှမ်းထားတာကြောင့် Demon Prince မွေးဖွားမယ်ဆိုတာကို သူမ မသိခဲ့သလို ဘယ်သူမှလဲမသိခဲ့ပါဝူး... ဒီတော့တိုက်ပွဲရဲ့အဆုံးသတ်က Prince သုံးပါးအပေါ်မှာမူတည်ခဲ့တာပေါ့...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဟိုးအရင်ထဲက Vampires တွေရယ် Werewolves တွေရယ်က Mystery Forest ထဲမှာ အင်အားအတောင့်တင်းဆုံး အုပ်စုနှစ်စုဖြစ်ခဲ့ပါတယ်...ဒါပေမဲ့ Vampires တွေနဲ့ Werewolves တွေဟာမိတ်ဆွေတွေ မဟုတ်ခဲ့သလို ရန်သူတွေလဲမဟုတ်ပြန်ဝူး... သူ့ပိုင်နက် ကိုယ့်ပိုင်နက် ဆိုပီးခွဲခြားအုပ်ချုပ်တော့ အုပ်စုနှစ်စုကြားမှာ ဘာအမုန်းတွေ ဘာရန်ငြိုးတွေမှ မရှိခဲ့တာလေ...ဒါပေမဲ့ ဘယ်တုန်းကမှမရှိခဲ့တဲ့ အမုန်းမီးကို ရှို့သူတွေ ပေါ်လာခဲ့ကြတယ်...
သူတို့တွေဟာ...Demonsတွေပေါ့... Mystery Forest ကိုချုပ်ကိုင် ခြယ်လှယ်ချင်ကြသူတွေလေ......
ဒီလိုနဲ့ Demons တွေဟာ Vampires တွေနဲ့ Werewolves တွေကြားမှာ ကုန်းချောစကား သွေးထိုးစကား အမျိုးမျိုးပြောပီး တိုက်ပွဲကြီးတခု ဖြစ်အောင်အစပျိုးခဲ့တာပေါ့...
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခေါင်းဆောင်တွေဘက်ကအပြန်အလှန် ကတိစကားဆိုပီး နောက်ပိုင်း တခဏတော့ ငြိမ်းချမ်းနေပါသေးတယ်...ဒါပေမဲ့ ဒါကလဲမုန်တိုင်းကြီးမတိုက်မီ လေပြည်လာတဲ့သဘောပေါ့နော်...
YOU ARE READING
A Supernatural Love Story
Random✔Main Characters : Sehun & Luhan (Yaoi) A pure love story between A Vampire and A Werewolf...
