Ep2

6.9K 535 11
                                    

"အဟမ်း ခင်​​ဗျားသီချင်းဆိုချင်​လား"

အချိန်​အ​တော်​ကြာသည်​အထိ တစ်​ခုခုစဉ်းစား​နေပီး ငြိမ်​သက်​​နေ​သော YiFanကို Chanyeol သတိ​ပေးလိုက်​ခြင်းပါ.....

"မဆိုပါဘူး မင်းတစ်​ခုခုမှာလိုက်​ မင်းနဲ့ငါ ညစာစားရ​အောင်​"

Chanyeol အံ့သြ​နေ​သော်​လည်း အထွန့်​တတ်​မ​နေ​တော့ပဲ Menuကိုလှမ်းယူလိုက်​ပါသည်​....

"ခင်​ဗျား ဘာကြိုက်​လဲ"

"မင်း​ကောင်းမယ်​ထင်​တာမှာပါ ကိုယ်​စားမယ်​ အဓိကက မင်းစားဖို့ပဲ"

"အမ်​"

နားမလည်​နိုင်​​သော လူကြီးကို ဘာမှ​ပြောမ​နေ​တော့ပဲ သူလုပ်​ခိုင်းတဲ့အတိုင်းပဲ လုပ်​​ပေးလိုက်​သည်​...

တကယ်​ကိုပဲ စားစရာ​တွေ​ရောက်​လာ​တော့ပဲ ဟုတ်​တိပတ်​တိမစားပဲ သူစားတာကို ထိုင်​ကြည့်​​နေ​တော့သည်​...

Chanyeolမစားတတ်​​တော့သဖြင့်

"ဟို​လေ ခင်​​ဗျားအဲ့လိုကြည့်​​နေ​တော့ ကျ​နော်​ စားရတာ အဆင်​မ​ပြေဘူး ​ဗျ "

"အာ.​ဆောရီး မင်းကချစ်​ဖို့​ကောင်းလို့ပါကွာ ဟုတ်​ပီ ကိုယ်​မကြည့်​​တော့ဘူး မင်း စား"

"ဒါနဲ့​လေ မင်း ဒီအလုပ်​ကထွက်​လို့မရဘူးလား"

"​ဗျာ"

"မင်း ဒီအလုပ်​လုပ်​​နေတာကို ကိုယ်​တကယ်​ပဲ သ​ဘောမကျဘူး"

"ဟမ်​ ခင်​​ဗျားသ​ဘောမကျတာကို ကျ​နော်​ကဘာလုပ်​ရမှာလဲ"

စိတ်​ထဲကစကား​တွေအပြင်​သို့ထွက်​သွား​လေပီ
ဟုတ်​တယ်​​လေ.. .

"ဒီလိုလုပ်​ပါလား မင်းကိုယ့်​ဆီမှာလုပ်​ပါလား ကိုယ်​မင်း​တောင်းသ​လောက်​လစာ​ပေးပါ့မယ်​"

"ဒီမှာ ခင်​​ဗျား​နေရင်းထိုင်​ရင်းကျ​နော့ဘဝကို လာစွက်​ဖက်​​​နေတာပါလား ခင်​​ဗျား​တော်​​တော်​​ကြောင်​​တောင်​​တောင်​နိုင်​​နေတယ်​ သိရဲ့လား"

"ကိုယ့်​အတွက်​​တော့အဓိပ္ပါယ်​ရှိပါတယ်​ ကိုယ်​မင်းကိုချစ်​တယ်​ ဒါ​ကြောင့်​ မင်းကို လူ​တွေအများကြီးနဲ့ဆက်​ဆံ​နေရတဲ့အလုပ်​မျိုးကို မလုပ်​​စေချင်​တာ သဘာဝကျပါတယ်​ ပီး​တော့ မင်းသာလက်​ခံမယ်​ဆို မင်းတဘဝလုံးပြည့်​စုံချမ်းသာ​အောင်​ ကိုယ်​မင်းကိုထားနိုင်​တယ်​"

AddictedWhere stories live. Discover now