ရုံးခန်းရောက်တော့ ကျွန်တော့်စားပွဲပေါ်အထိ ဖိုင်တွဲတွေသေချာတင်ပေးကာ Hyung က သူ့စားပွဲဆီသူ ထွက်သွားတယ်။ကျွန်တော်လဲ ကိုယ့်စားပွဲကိုယ်ဝင်ထိုင်ရင်း Hyung ကိုကြည့်မိတော့ Hyung က သူ့စားပွဲမှာ အလုပ်များနေလေရဲ့။ကျွန်တော်လဲ အလုပ်တွေလုပ်ရင်း Hyung ကိုခနခန ခိုးကြည့်မိတယ်။ဘယ်လောက်ပဲ ပင်ပန်းပါစေ Hyung ကိုတွေ့ရင် ပြေပျောက်သွားလောက်အောင် ဘယ်တုန်းကများ Hyung ပြုစားခဲ့တာပါလိမ့်။ကျွန်တော့်ရဲ့ အလုပ်တစ်နေ့တာကတော့ Hyung ကိုကြည့်ရင်း အလုပ်များရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်လေ။

ညနေ အလုပ်ဆင်းချိန်ရောက်လို့ အားလုံး အသီးသီးပြန်သွားကြပေမယ့် ကျွန်တော် မပြန်ရသေးဘူး။ဒီနေ့ ဒီစတိုခန်း စာရင်းတွေကိုအပြီးဖြတ်မယ် စိတ်ကူးနဲ့ Hyung ကိုလဲခွင့်တောင်းထားပြီး အလုပ်ပြီးမှပဲအိမ်ပြန်မယ်စိတ်ကူးနဲ့ပေါ့။ ၅ ထပ်က စတိုခန်းထဲ ဝင်ပြီး စာရင်းတွေ စစ်နေရင်း အချိန်က ညစာစားချိန်ကိုကျော်လွန်သွားလေရဲ့။

" ဒါအရင်လာစား ပြီးမှဆက်လုပ် "

ပစ္စည်းစင်တွေပေါ်လှေကားနဲ့တက်ပြီး စာရင်းတွေကောက်နေတဲ့ကျွန်တော် အသံတသံကြောင့် ငုံ့ကြည့်မိတော့ လှေကားခြေရင်းမှာ ရပ်နေတဲ့ Hyung ကိုတွေ့လိုက်ရတယ်။လက်ထဲပါလာတဲ့ ထမင်းချိုင့်ကိုမြှောက်ပြနေတဲ့ Hyung ပုံစံက ကျွန်တော့်အံ့အားသင့်မှုတွေကိုဖြစ်နေတယ်လေ။ကျွန်တော်ဆင်းလာတော့ Hyung က အခန်းထဲမှာရှိတဲ့ စားပွဲပေါ်မှာ ပါလာတဲ့ထမင်းဗူးကို ဖွင့်ကာ ပြင်နေလေရဲ့။ကျွန်တော့်အကြိုက်ဆူရှီတွေကို အမျိုးအစားစုံလင်စွာ Hyung ဝယ်လာတယ်ထင်ပါရဲ့။ဆူရှီကိုတလှည့် Hyung ကိုတစ်လှည့်ကြည့်နေတဲ့ကျွန်တော့်ကို Hyung ကပြုံးကြည့်နေရင်းနဲ့ စားဖို့ပြောတယ်။

" ဘာကြိုက်မှန်းမသိလို့ အကုန်ဝယ်လာတာ စားလိုက် စာရင်းတွေ Hyung စစ်ပေးမယ်"

"Hyung ရတယ် ကျွန်တော့်အလုပ်လေ "

" စာရင်းတွေမြန်မြန်မပြီးရင် အဖွဲ့မှုးဖြစ်တဲ့ ငါပဲ ဒုက္ခရောက်မှာ စားပြီးမှ ပြန်လုပ် ဟုတ်ပြီလား ဖြေးဖြေးစား "

ရေဗူးကိုပါအသင့်ဖွင့်ပေးကာ တူကိုလဲ အသင့်စားဖို့ပြင်ပေးထားတဲ့ Hyung ကိုကြည့်ပြီး ကျွန်တော် မျက်ရည်တောင်လည်မိသလိုလို။ဝမ်းသားလွန်းလို့ထင်ပါရဲ့။ကျွန်တော် စားနေချိန် Hyung က စာရင်းတွေ စစ်ပေးနေလေရဲ့။Hyung စာရင်းတွေ မပြီးမှာစိုးရိမ်တယ်ပဲပြောပြော ကျွန်တော့်ကို စိတ်ပူတာပဲမဟုတ်လား။ကျွန်တော် ညစာ မစားရမှ စိုးလို့တောင် တကူးတက ဝယ်
်လာပေးတာပဲမဟုတ်လား။တကယ်ပဲ Hyung ပြောင်းလဲလာတယ်။ကျွန်တော် Hyung အပေါ်ထားတဲ့ စိတ်ကို Hyung နားလည်နေပြီထင်ပါရဲ့။ညစာ စားပြီးလို့ အလုပ်ပြန်လုပ်ရင် Hyung နဲ့နှစ်ယောက်ထဲ Hyung မျက်နှာလေးကိုကြည့်လိုက် အလုပ်လုပ်လိုက် စကားတွေပြောလိုက် တွေးရင်းနဲ့ပျော်စရာကောင်းနေမိတာ။

ချစ်တယ် Hyung ရယ်Unde poveștirile trăiesc. Descoperă acum