ကျွန်တော်လည်း Minseok ကို မျက်စောင်းထိုးပြီးတော့သာ Wu kris ကိုဖုန်းခေါ်လိုက်သည်...

"Wu kris ပါ.."

သူ့အသံကတော့ ဖုန်းထဲမှာတောင် တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိပါသည်

"Mr..Wu.... ကျွန်တော် kim suho ပါ..."

"Mr..kim.... ကိုယ် မင်းဖုန်းကိုမျော်နေတာ.."

"အာ...ကျွန်တော်တို့ ဆောင်းပါးအတွက် ဓာတ်ပုံရိုက်ချင်လို့ပါ..."

"အင်း.....ကိုယ်အခု Busan ဟိုတယ်မှာတည်းနေတယ်...မနက်ဖြန် ၉ခွဲလောက်ဆို ကိုယ်အဆင်ပြေပါတယ်..."

"ဒါဆို..ကျွန်တော်တို့ မနက်ဖြန် ၉ခွဲ ဟိုတယ်ကိုအရောက်လာခဲ့ပါမယ်..."

"ကိုယ်မျော်နေပါမယ်... kim suho.."

ကျွန်တော်သူ့ရဲ့စူးရှတဲ့မျက်လုံးတွေကိုမြင်ယောင်ကြည့်ပြီး
ဖုန်းချလိုက်သည်...ဘယ်လို လုပ်ပြီးတော့များ သူ့ရဲ့ ပုံမှန် စကားပြောဆိုမှုတွေကတောင် ကျွန်တော့်ကို ကတုန်ကယင် ဖြစ်စေရတာလဲ...

"Kim Suho.. မင်းသူကို အပီကြွေနေပြီပဲ...ဖုန်းပြော်တဲ့တစ်လျှာက်လုံး မျက်နှာကရဲနေတာပဲ...."

"ကဲပါကွာ..မနက်ဖြန်အတွက် ဟိုတယ်ကိုဖုန်းဆက်ပြီး..အခန်းတစ်ခန်း စီစဉ်ထားလိုက်ဦး...ငါစာသွားလုပ်တော့မယ်..."

အဲ့ညကတစ်ညလုံး ကျွန်တော်အိပ်မပျော်ခဲ့ပါဘူး သူ့ရဲ့ အနက်ရောင် မျက်ဝန်းတွေကိုသာမြင်ယောင်နေမိသည်...ဟိုလှိမ့် ဒီလှိမ့်နဲ့ကိုအိပ်မပျော်နိုင်ပါ..
အား...ဒီပုံနဲ့ဆို မနက်ဖြန် ဘယ်လိုလုပ်ကြည့်ကောင်းတော့မှာလဲ......

*****
*****

နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်ရယ် Minseok ရယ် Lay ရယ် ဟိုတယ်ကိုထွက်လာခဲ့ကြတယ်...
ဟိုတယ်ရောက်တော့လည်း စီစဉ်ပေးထားတဲအခန်းမှာ ဓာတ်ပုံရိုက်ဖို့အတွက်ပစ္စည်းတွေ နေရာချကပြင်ဆင် နေရတယ်လေ.....

နာရီဝက်လောက် အကြာမှာတော့ Wu kris တစ်ယောက်ကျွန်တော့်တို့ ပြင်ဆင်ထားတဲ့ အခန်းကိုရောက်လာခဲ့တယ်...

ဘုရားရေ..... သူကအဖြူရောင် ရှပ်အင်္ကျီကို ကော်လံမှာ ကြယ်သီးတစ်လုံးဖြုတ်ထားပြီး ...မီးခိုးရောင်ချည်သားဘောင်းဘီးနဲ့တွဲဝတ်ထားသည်..ရေချိုးပြီးခါစမို့ထင်သည် ဆံပင်များက စိုစွတ်နေသေးသည်...
သူတော်တော် မိုက်တာပဲ...ကျွန်တော် ရုတ်တရက်ကြီး ရေတောက်ဆာလာသလိုဖြစ်လာသည်...

Filthy Shades Of Wu (BDSM KrisHo)Where stories live. Discover now