Ep-1

345 38 0
                                    

နေရောင်ခြည်နွေးနွေးသည် သစ်ရွက်များကြားထဲမှ LA၏ လမ်းမများပေါ်သို့ဖြာကျလျက် ကျေးငှက်များကမြူးထူးမြည်ကြွေးလျက်......အရာအားလုံးဟာပန်းချီဆန်ဆန်လှပနေသည် သို့သော်ထိုအရာအားလုံးနှင့်ဆန့်ကျင်လျက် မှန်များဖြင့်ကာရံထားသော အထပ် ၂၀ အမြင့်လောက်ရှိသော ရုံးခန်းတစ်ခုအတွင်းမှာတော့.......

'ခလွမ်း'

ရုံးခန်းကြမ်းပြင် တစ်ခုလုံးတွင် ပစ္စည်းအပျက်အစီးများမွစာကြဲ၍ပျကိစီးနေသည်.....

'မင်းတို့တွေ $ သုံးမကျလို့ ဒီလိုတွေဖြစ်လာတာ'

ဒေါသတကြီးအော်ဟစ်နေသောလူတစ်ယောက်... တစ်နည်းအားဖြင့် ပစ္စည်းများမွစာကြဲအောင်လုပ်ထားသောတရားခံ....

'Wu Kris ကငါ့ကိုကျော်သွားစရာဘာမှမရှိဘူး တောက်!! မင်းတို့တွေ တစ်ကောင်မှ $ သုံးမကျဘူး ငါ့ပိုက်ဆံနဲ့အသက်မွေးနေပြီးတစ်ကောင်မှသုံးစားလို့မရဘူး'

ဒေါသဖြစ်နေသည့်သူနှင့်ဆန့်ကျင်ဘက် ခေါင်းစိုက်ချကာ ကြမ်းပြင်ကိုသာကြည့်နေသောလူတစ်စု...

'Mr. Park ကျွန်တော်တို့တောင်း.....'

'မင်းပါးစပ်ကိုပိတ်ထားလိုက်ခုချက်ချင်း ကိုရီးယားသွားမယ်'

==========
'Tao ထတော့ ဆရာမကြည့်နေတယ် Tao!!'

အိပ်မက်ကမ္ဘာထဲပျော်မြူးနေတုန်းဘေးက နားနားကိုကပ်ပြောသော အသံသေးသေးစူးစူး လေးကြောင့် လန့်ဖျန့်ကာ ငုတ်တုတ်ထထိုင်မိသည်...

'ဟင် Baek ငါအိပ်ပျော်သွားတာလား'

မျက်လုံးပွတ်ပြီးပြောလိုက်သော Tao ကိုကြည့်ပြီး ဘေးက မျက်လုံးမှေးမှေး လူကောင်သေးသေးကောင်လေးက...

'အေးလေ မင်းအိပ်ပျော်သွားတာ စာသင်ချိန်အစကတည်းကပဲ နိုးနေတာ ရမှမရတာ' 😕

'ZiTao!!'

ဆရာမအော်သံကြား၍နှစ်ယောက်လုံးဂုတ်ပုသွားကြသည်...

'ခင်ဗျာ~'
'သွား!!အပြင်ဘက်ထွက်လက်သွားမြှောက်!!'
=========
'Sir Wu,ဒီတစ်​​ခေါက်​ကျ​နော်​တို့ကုန်​ပစ္စည်းရဲ့​ရောင်းအားက Phoenix Company ကို​ကျော်​​သွားပါဘီ'
'ဟဟ...ဒီတစ်​​ခေါက်​လည်း Park Chanyeol ငါ့ကိုရှုံးပြန်​ပါဘီ ကွာ'

Blind Tahanan ng mga kuwento. Tumuklas ngayon