Modification(Part...2)

Comincia dall'inizio
                                    

အခုလဲ Hell...ကျွန်တော့်ကို ညအိပ်တာနောက်
မကျဖို့မှာထားတာကို ကျွန်တော် ဖောက်ဖျက်လိုက်မိလို့
ဒေါသတကြီး ဆက်ဆံသွားတာပဲ။
အိပ်ချိန်အထိကို လိုက်ကန့်သတ်ထားသော Hell…။

သက်ပြင်းကိုချလိုက်ရင်းသာ ခေါင်းကို ခါယမ်းလိုက်မိ
ပါတယ်…။
……………………………

ခေါင်းခါရင်း ပြန်ဝင်သွားတယ့် Park Chanyeol
ရဲ့ အခန်းလေးထဲက မီးပိတ်သံ ချောက်ကနဲထွက်လာတော့မှ...
အမှောင်ကွယ်မှာ ရပ်နေသော အိမ်စီးဖိနပ်အဖြူ
ပိုင်ရှင်လေးလဲ အပေါ်ထပ်ကို စိတ်ချလက်ချ
တက်သွားတော့သည်...။

ဒါကိုတော့ Park Chanyeol မသိလိုက်...။

°'•´°'•´°'•´°     «Modi»      °'•´°'•´°'•´°

1 Week Later

      ဒီနေ့ Black Dragon ရုံးချုပ်အိမ်တော်ကို
ဧည့်သည်တွေရောက်လာကြမည်တဲ့...။
ဧည့်သည်ဆိုလို့ စပ်တူဂိုဏ်းက အဖွဲ့ဝင်တွေ
မဟုတ်ပါဘူး။ခေါင်းဆောင်ရဲ့ ငယ်သူငယ်ချင်း
တွေဖြစ်တဲ့ Xiumin,Luhan နဲ့ Lay...
ထို3ယောက်တည်း...။
နိုင်ငံခြားထွက်သွားပြီး သုံးနှစ်ကြာမှ ယခုက ပထမဆုံး
အကြိမ်ပြန်လာကြတာလို့ ကြားရသည်။
3ယောက်သား နိုင်ငံခြားမှာ လျှပ်စစ်ကုမ္ပဏီတခု
ထောင်ထားပြီး…
သိပ်မကြာခင်ကတောင် သူ့ကို လျှို့ဝှက်လျှပ်စစ်
ပစ္စည်းရောင်းသောsourceတွေကို လိုက်ထားခိုင်း
သေး၏...။

ခေါင်း​ဆောင်​က သူ့သူငယ်​ချင်း​တွေကို​တော်
တော်​ချစ်​သည်ထင်ပါသည်။လေဆိပ်​ထိကို တကူးတက သွားကြို​​နေလေ၏...။

အဖွဲ့သားတစ်​ချို့က တာဝန်​ကျ​နေတဲ့​နေရာ​တွေ
မှာရောက်နေတဲ့အပြင် ခေါင်း​ဆောင်​​နောက်​ကိုလည်း တစ်​ချို့
တ​လေပါသွား​တော့...ဒီရုံးချုပ်​အိမ်​ကြီးမှာကျန်
နေခဲ့တာဆိုလို့... Chanyeolနဲ့...​ရှေ့တာဝန်​..
နောက်​တာဝန်​ကျ​နေတဲ့ ​နောက်​လိုက်​ရှစ်​ယောက်
တည်းရယ်​...။

ကြုံတုန်းကြုံခိုက်​ တိတ်​တိတ်​ဆိတ်​ဆိတ်​အ​ခြေ
အ​နေ​လေးကို သ​ဘောကျတာ​ကြောင့်​ သူ
ခြံထဲကိုဆင်းလာခဲ့လိုက်​သည်။
နေ့ခင်း​နေ့လည်​ရောက်လျှင် လာထိန်းသိမ်းပြုပြင်တတ်​သော ဥယျာဉ်​ထိန်းကြီး​ကြောင့်
ခြံကြီးထဲကပန်းပင်​​တွေ​ရော....သစ်​ပင်​​တွေ​ရော
က......
စံအိမ်​​တော်​ကြီးနဲ့အပြိုင်​ ဂုဏ်​ထည်​၀င့်​ဝါ​နေ​လေ၏…။
အိုး...လတ်​ဆတ်​လိုက်​တယ့်​​လေ....
အေးမြလိုက်​တယ့်​​လေ....။

Modification(Completed)Dove le storie prendono vita. Scoprilo ora