Kris >ဒီလိုကိစ္စလေးတဲ့လား hyung?Hyung အရမ်းတစ်စိမ်းဆန်တာပဲ...ကျွန်တော့်ရဲ့ပထမဦးဆုံး အောင်မြင်မှုမှာ hyung နဲ့အတူ ပျော်ချင်တာလေ!ဒါလေးတောင် မရတော့ဘူးလား hyung?

Suho < ကျွတ်......ပြောလေပြောလေ ပိုဝေးလေပဲ......အ့...အ့...အ့...ဗိုက်က...အား...နာတယ်!

Kris > Hyung...Hyung...Hyung...သတိထားလေ ဘာဖြစ်တာလဲ ဘယ်နားကနာတာလဲ...ဘာလို့လဲ ဘာလို့လဲ?

Suho < ပွဲမှာကတည်းက ငါဗိုက်ဆာနေတာ...ကားပေါ်မှာလည်း ပြောမလို့ကို မင်းက ငါ့မှ စကားမပြောတာ!အိမ်ရောက်တော့လည်း မင်းကငါ့ကို ရန်တွေ့နေတာလေ!ငါ အဆာလွန်ပြီး သေသွားရင် မင်းကြောင့်ပဲ...

Kris > Hyung!!!!!ဘာလို့သေရမှာလဲ ဘာအကြောင်းကြောင့်နဲ့မှ hyung ဘာမှမဖြစ်ရဘူး!တောင်းပန်ပါတယ်...တောင်းပန်ပါတယ်...ကျွန်တော့်ကြောင့်...hyung အခုဘာစားချင်လဲ ကျွန်တော်ခုသွားဝယ်ပေးမယ်!

Suho < အင်း......ဘာစားရမလဲ?

Kris > ဘာမှတွေးမနေနဲ့တော့ hyung ဗိုက်အောင့်နေတာမှတ်လား ခရုဆန်ပြုတ်ဝယ်ခဲ့မယ် ခဏစောင့်!

Suho < ကားကိုဖြေးဖြေးမောင်းဦး!

ကားသော့ကို အမြန်ယူပြီး ပြေးထွက်သွားတဲ့ kris ကြောင့် ကျွန်တော် ရယ်မိသည်!Kris Wu Kris Wu မင်းသားသာဖြစ်တာ သရုပ်ဆောင်ကျ ငါ့လောက် မင်းမပီပြင်သေးပါဘူးကွာ ^_^!ဒီလို နည်းနဲ့ပြဿနာကို အစဖြတ်မှဖြစ်တော့မှာ မဟုတ်ရင် တစ်ညလုံး ရစ်လို့ဆုံးမှာမဟုတ်တော့ဘူးလေ!သူက ကျွန်တော် တခုခု ဖြစ်မှာတော့ အရမ်းကို ပူပန်တတ်သူတစ်ယောက်ပါ!အဲ့လိုပူပန်တတ်လွန်းလို့လည်း ဟိုတလောက အိမ်မှာမူးလဲတာကို ရိုက်ကွင်းကနေ အလောတကြီးကားမောင်းပြီး ရပ်ထားတဲ့တစ်ခြားကားတစ်စီးကို ၀င်တိုက်မိတယ်လေ ပိုင်ရှင်က အေးဆေးသမားမို့လို့ ကားပြင်ခ အလျော်ပေးပြီးတာနဲ့ ကျေအေးသွားခြင်းပင် မဟုတ်ရင် သရုပ်ဆောင်မင်းသား Kris Wu ကားအမောင်းကြမ်း၍ကားတိုက်မိခြင်းလို့ သတင်းစာမှာပါလာဦးမည်!အဲ့ကစ၍ သူ့ကို ကျွန်တော် ကားသိပ်မမောင်းခိုင်းတော့ပေ!အခုကတော့ ပြောလို့ပင်မဆုံးသေးပဲ ထွက်သွားပြီလေ!

ΠΠΠΠΠΠΠΠΠΠΠΠΠΠΠΠΠΠΠ

Suho < Kris...ထတော့လေကွာ!ဒီနေ့ ရိုက်ကွင်းရှိတယ်!ငါ့ကို ဖိထားတာလည်း ဖယ်ပေးဦး!

EssentialWhere stories live. Discover now