2th Bullet÷A

2.1K 88 5
                                    

Second Bullet
KT...Taoris20 + +
By wuyetihan

÷÷÷÷÷÷÷÷÷÷÷÷

Joo won.... နဲ့ ဇာတ်​လမ်းပြီးတဲ့​နောက်​ပိုင်းမှာ ကျွန်မ တစ်​လနှစ်​လ​လောက်​ ​ခြေငြိမ်​​နေခဲ့တယ်​​။ ရီးစားထားရတာလဲ ပျင်းလာသလိုလိုမို့ သူငယ်​ချင်း​တွေနဲ့ ​လျောက်​သွားလိုက်​ လည်​လိုက်​ ပတ်​လိုက်​နဲ့ပဲ ​ပျော်​​ပျော်​ ​နေလိုက်​တယ်​။

သူငယ်​ချင်း​တွေထဲမှာ ကိုခရစ်(kris)​ကြီးလဲပါတာ​ပေါ့ ။ သူ့အိမ်​က ကျွန်​မ​နေတဲ့​နေရာနဲ့ နီး​တော့ ခဏခဏ ဆိုသလို​တွေ့ဖြစ်​ပါတယ်​။

တစ်​​နေရာရာ သွားချင်​လို့ သူငယ်​ချင်းတစ်​​ယောက်​မှ အ​ဖော်​စပ်​လို့မရရင်​​တောင်​ သူ့ကို အမြဲ​ခေါ်လို့ရတယ်​​လေ​။  သူကလည်း ကျွန်​မ​ခေါ်ရင်​ အလုက်​​တွေထားခဲ့ပြီး ဘယ်​​နေရာမဆိုလိုက်​တာကိုး။

မိန်းက​လေး​တွေရဲ့ အကဲခတ်​ ခန့်​မှန်းတတ်​တဲ့ စိတ်​အရ ကိုခရစ်​ကြီး(kris) တစ်​​ယောက်​ ခုတ​လော ကျွန်​မအ​ပေါ် အရင်​လို မရိုးသား​တော့ဘူးဆိုတာ ကျွန်​မစိတ်​ထဲ အလိုလို သိ​နေတယ်​။

သူ့ပုံစံကို​ပြောရရင်​ သူက အသားဖြူဖြူ ခပ်​ပိန်​ပိန်​နဲ့ လူတကာ​ငေးရ​လောက်​​အောင်​​ချောတဲ့ ရုပ်​ရည်​မျိုး​ပေါ့။ မျက်​ခုံးထင်းထင်း နှာတံ​ပေါ်​ပေါ် နဲ့ မဟာဆန်​တဲ့ နှဖူး ဖူးငုံ​နေတဲ့ နှစ်​ခမ်းနှစ်​မွှာနဲ့ ပုလဲနံသင့်​လို့ ။

ကျွန်​မနဲ့ အသက်​ 7နှစ်​ကွာတယ်​ဆို​ပေမဲ့ ဝတ်​ပုံစားပုံက လူငယ်​ တစ်​​ယောက်​လိုမို့ နဂိုရုပ်​ရည်​အခံပါ ​ပေါင်း​တော့ ရှိရင်းဆွဲအသက်​ထက်​ ငယ်​တယ်​ထင်​ရတယ်​။
နိုင်​ငံခြားမှာ​နေခဲ့ဖူးတယ်​ ဆို​ပေမဲ့ ပညာနဲ့လုပ်​စားခဲ့တာ မဟုတ်​ဘဲ ရရာအလုပ်​ဆိုသလို လုပ်​ခဲ့ရတာ​ကြောင့်​ သူက မချမ်းသာပါဘူး ။

ဒီကိုပြန်​လာပြီး သူငယ်​ချင်း​တွေနဲ့ စပ်​တူ ကိုယ်​ပိုင်​အလုပ်​​လေး တစ်​ခု အစပျိုးဖို့ အခုမှ ရုန်းကန်​​နေရတုန်းပါ ။ မိသားစူဆိုတာလဲ အ​ဖေတစ်​​ယောက်​ပဲရှိ​တော့တာ​ကြောင့်​ အသက်​ကြီးလာတဲ့ အ​ဖေကြီးကို ပြန်​​စောက်​​ရှောက်​ဖို့ သားအဖနှစ်​​ယောက်​ တိုက်​ခန်း​လေးတစ်​ခု ဝယ်​​နေရင်း အလုပ်​ကြိုးစား​နေရသူ ။

Second BULLET !Where stories live. Discover now