ကျွန်တော်သွားရမည့် အထပ်၂၀ ကိုခလုတ်နှိပ်ပြီးတော့ တက်သွားလိုက်သည်။ အထပ် ၂၀ ကိုရောက်တော့ ကောင်တစ်ခုနဲ့အတူဆံပင်ရွှေရောင်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ကျွန်တော် Kim Minseok ဆိုတဲ့ နာမည်နဲ့ Mr.Wu ကိုတွေ့ဖို့ချိန်းထားပါတယ်"

ကောင်မလေးကတော့ ဖုန်းနဲ့မေးမြန်းအတည်ပြုပြီးတော့မှ ကျွန်တော်ကို မီးခိုးရောင်တံခါးအတိုင်း ဝင်သွားခိုင်းလိုက်သည်။ ကျွန်တော်လည်း သူမ ပြော်တဲ့အတိုင်းဝင် သွားလိုက်တဲ့အခါမှာတော့ နောက်ထပ်ဆံပင်ရွှေရောင်နဲ့ကောင်မလေးတစ်ယောက်က ကျွန်တော်ဆီလာပြီး..

" Mr.Wu နဲ့နောက်တစ်မိနစ်တွင်း တွေ့လို့ရပါမယ်ရှင်.."

သူမပြော်တော့ကျွန်တော်လည်း ကျွန်တော့်ရဲ့ အနွေးထည်ကိုချွတ်ပြီး အဝတ်ချိတ် မှာချိတ်လိုက်သည်။ ကောင်မလေးကတော့ Mr.Wu ဆိုတဲ့အခန်းထဲဝင်သွားပြီး ခွင့်တောင်းနေသည်ကိုကျွန်တော်လှမ်းကြည့်လိုက်သည်။
အရပ်ရှည်ရှည် လူတစ်ယောက်ရဲ့နောက်ကျောတစ်ခုကိုတော့ လှမ်းတွေ့လိုက်ရသည်..

"Mr.Wu နဲ့ဝင်တွေ့လို့ရပါပြီရှင်.."

ကျွန်တော်လည်း တံခါးကိုဖွင့်ပြီးဝင်သွားလိုက်တာနဲ့ ရိုးရှင်းပြီးခေတ်မှီသည့် အခန်းရဲ့အပြင်ဆင်ကိုငေးကြည့်နေမိသည့်အတွက် ရုတ်တရက် ပင်ခြေခေါက်လဲတော့မတတ်ဖြစ်သွားသည်။ Mr.Wu ကလာပြီးကူပေးရသည့်အတွက် ကျွန်တော်နည်းနည်းတော့ရှက်ရွံသွားမိသည်။

"ခင်ဗျား အဆင်ပြေရဲ့လား Mr.Kim"

"အား..အဆင်ပြေပါတယ်....ကျွန်တော်နာမည် kim suho ပါ Minseok အစားလာခဲ့တာပါ"

"ကျွန်တော်က Wu Kris ပါ"

ဘုရားရေ သူကတကယ်ကို ငယ်ငယ်လေးပဲရှိသေးတာပဲ...သူ့ကြည့်ရတာ အနောက်နိုင်ငံသွေးနှောတဲ့ပုံစံမျိုးဖြစ်သည် ...သူက မီးခိုးရောင်ကုဒ်အင်္ကျီ ကိုအတွင်းက အဖြူရောင်ရှပ် နှင့်တွဲဝတ်ထားသည်။ လည်စီးကတော့ အနက်ရောင်ကိုဝတ်ဆင် ထားတဲ့အတွက် တကယ်ကို့ ခန့်ညားစွာ ချောမောနေသည့်..သူ့ရဲ့စူးရှတဲ့မျက်လုံးများ တင်းတင်းစေ့ထားသည့်နူတ်ခမ်းထူထူ ဖူးဖူး များက တကယ့်ကို ဆွဲဆောင်မှုရှိလှသည်။ ကျွန်တော် ကိုယ့်ကိုယ် ကိုပင် အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်စားများဝတ်လာမိတဲ့အတွက် နောင်တရမိသွားသည်။

Filthy Shades Of Wu (BDSM KrisHo)Donde viven las historias. Descúbrelo ahora