"KyungSoo Hyung ရဲ့ အတိတ်နဲ့သက်ဆိုင်နေလို့လား Hyung .. "

ကျွန်တော်မေးမိတော့ Baekhyun Hyung က

" KyungSoo ကိုမေးကြည့်ပါလား ...
သူ့မေးကြည့်လို့သူပြောပြတာပိုအဆင်ပြေတယ် ငါတို့ကျ ကြားထဲကပြောရခက်တယ်ကွ "

Baekhyun Hyung ကိုထပ်မေးလဲပြောတော့မှာမဟုတ်တော့ပါဘူး ။ဟုတ်လဲ ဟုတ်ပါတယ်လေ။ ကာယကံရှင်ကိုမေးကြည့်တာပိုအဆင်ပြေတယ်မှတ်လား။ ခက်တာက ကျွန်တော်ဘယ်လိုမေးရမှန်းမသိတာဘဲ ။ကျွန်တော်ကို KyungSoo Hyung တစ်မျိုးမြင်သွားမှာလဲ တွေးပူနေမိတယ်။ အခွင့်အရေးယူတယ်ထင်သွားမလား ။စပ်စုလွန်းတယ်ထင်သွားမလား။ အမျိုးမျိုးစဉ်းစားမိရင် မေးဖို့မထွက်တော့ဘူးလေ ။တစ်ဖက်လဲ ကျွန်တော်သိထားတော့ Hyung ကိုကူညီပေးရာများရမလား ။Hyung အတွက်ရင်ဖွင့်ဖော်များဖြစ်မလား ။တွေးမိပြန်တော့လဲ မေးဖို့စိတ်ကူးမိပြန်သည်လေ။ အမျိုးမျိုးတွေးရင်းနဲ့မှ တစ်ရက် အဲ့နေ့က Baekhyun Hyung သူ့အမေ မွေးနေ့မို့ မိဘတွေအိမ်ခနပြန်သွားတဲ့အချိန် ။ဆိုင်ကို KyungSoo Hyung နဲ့လွှဲထားခဲ့တယ်လေ။ Chanyeol Hyung ကလဲ အလုပ်ရှိတယ်ဆိုပြီး အဲ့နေ့မလာတော့ ကျွန်တော်နဲ့ Hyung နှစ်ယောက်ထဲရယ်။ ကျွန်တော်က Hyung ကိုအများကြီးမကူနိုင်ပေမယ့် Hyung ကလဲ ကျွန်တော်ရှိနေတာကို အနှောင့်အယှက်ဖြစ်ပုံမရဘူး ဆိုတော့ ကျွန်တော်ကျေနပ်နေမိတယ် ။လူတွေလဲ အလာနည်းတော့ Hyung က စောစောစီးစီးဆိုင်ပိတ်ဖို့ပြင်လိုက်တယ်။သန့်ရှင်းရေးတစ်ယောက်ထဲလုပ်နေရတဲ့ Hyung ကိုကူညီချင်ပေမယ့် Hyung ကလက်မခံပါဘူး။ အမြဲတစေ ရှင်းနေကြဆိုတော့လဲ သိပ်ရှင်းလင်းစရာမလိုတာမို့ ကျွန်တော်လဲငြိမ်ငြိမ်လေးပဲထိုင်နေလိုက်တယ် ။ဆိုင်ရှင်းပြီးရင် Hyung က ညစာလိုက်ကျွေးမယ် အိမ်ပြန်လိုက်ပို့ပေးမယ်ဆိုတော့ ကျွန်တော့်ရင်ထဲပန်းတွေပွင့်နေတာပေါ့ ။

ညစာအတွက် Hyung က ကျွန်တော့်လက် မြန်မြန်ပြန်ကောင်းအောင်လို့တဲ့ အမဲသားစွပ်ပြုတ်ဝယ်ကျွေးတယ် ။အမေ့ထမင်းပဲ စားတတ်တဲ့ကျွန်တော် စွပ်ပြုတ်ကိုအိမ်ကအမေ ပြုတ်တိုက်ရင်တောင် အသဲအသန်ငြင်းတတ်တဲ့ ကျွန်တော် ကိုယ့်ကိုကိုယ်လဲအံ့အော မိတယ်။ သေသေချာချာလေး အသားဖတ်တွေရွေးထည့်ပေးနေတဲ့ Hyung ကြောင့် ဘယ်လိုဝင်လို့ဝင်သွားမှန်မသိဘူး။ ညာဘက်လက်လှုပ်လို့မရတာကြောင့်လဲ Hyung က ပြင်ဆင်ကျွေးနေတာကြောင့်လဲပါမှာပေါ့ လေ ။အိမ်မှာအမေ မနက်ကထမင်းကျွေးတုန်းကလဲ Hyung လိုပဲ ပြင်ဆင်ပြီးသေသေချာချာ ကျွေးပေမယ့် ဘာကြောင့်မှန်းမသိ ဒီစွပ်ပြုတ်ကမှ အရသာရှိနေသလိုလို။ အမေသိရင် မွေးရကျိုးမနပ်တဲ့သားလို့ အပြောခံရမှာကျိန်းသေတယ်။ အစားစားနေတုန်းမို့ Hyung ကိုမေးချင်နေတာတွေ မေးဖို့အခွင့်မသာဘူးဖြစ်နေလေရဲ့ ။အိမ်ပြန်လိုက်ပို့မှာဆိုတော့ အပြန်ကားပေါ်မှာမေးရင်ကောင်းမလား ။ခုမေးရင်ကောင်းမလား။ နှစ်ယောက်ထဲရှိချိန် မေးရတာ အဆင်အပြေဆုံးပေမယ့် ကျွန်တော့်ဘက်က တုန့်ဆိုင်းနေမိတာ ။

ချစ်တယ် Hyung ရယ်Where stories live. Discover now