Krisyeol
အရာရာ တိတ်ဆိတ်ငြိမ်သက်သွားသလိုပဲ
ကျွန်မအတွက်တော့ လောကကြီးက အပြီးတိုင် မှောင်မိုက်သွားခဲ့ပြီ
ကျွန်မ အာခေါင်တွေခြောက်လာတယ်
အမြင်တွေလည်း ပိုပြီး ဝေဝါးလာတယ်
ကျွန်မ ဒီနေရာမှာတင် ခွေလဲသွားချင်မိပြီ
ဒါပေမယ့် ကျွန်မကိုယ်တိုင်ကိုက အဲ့လို လုပ်ဖို့ ခွင့်မပြုပြန်
အေးလေ ဘယ်တုန်းကများ စိတ်တိုင်းကျ လုပ်ခဲ့ဖူးတာ ရှိလို့ပါလိမ့်
စိတ်ခံစားချက်တွေကို လျစ်လျူရှုနေရတာ ကျွန်မ ပင်ကိုယ် Style လိုဖြစ်နေခဲ့ပြီပဲ
ခုလည်း ဘာထူးလဲ
ကျွန်မ နားတွေကို မယုံနိုင်တော့ဘူး
သူဘာတွေပြောနေတာလဲ
ခြောက်နှစ်တောင် ကျွန်မသည်းခံခဲ့ပြီပဲဟာ
ကျွန်မ ချုပ်ထိန်းလို့ မရတော့တဲ့ မျက်ရည် တစ်စက်
ကျွန်မ ခပ်မြန်မြန်သုတ်ပစ်တယ်
သူ့ရှေ့မှာမငိုဘူး
ဘယ်တော့မှ ကျွန်မမငိုချင်ဘူး
ကျွန်မ ဝမ်းနည်းလို့ဆိုတာထက် ကျွန်မ ကိုယ်ကျွန်မ သိပ်ရှက်မိလို့ပါ
ဒီလိုစကားမျိုး သူ့ဆီက ကြားရလိမ့်မယ်လို့ ကျွန်မထင်တောင် မထင်ထားခဲ့ဖူးဘူး
ဒီကိစ္စကကျွန်မ တစ်ယောက်တည်းမှားတာတဲ့လေ
Yeollie - ရှင်တော်သင့်ပြထင်တယ်
ကလေးရှေ့မှာ ကျွန်မ ဒါမျိုးမပြောချင်ဘူး
Yifan- မင်းအခုမှ ဘာဖြစ်နေတာလဲ
ငါမင်းကို တော်တော်စိတ်ကုန်နေပြီ
အေး စိတ်ကုန်နေတာတော့ ကြာခဲ့ပြီ ခုငါ ဆက်ပြီး သည်းမခံပေးနိုင်တော့ဘူး
မင်း နားလည်လား
Yeollie- ကျွန်မ တောင်းပန်ပါတယ်
သမီးလေးက ခုမှ ခြောက်နှစ်ရှိသေးတာ အဖေမရှိဘဲ ဘယ်လိုနေမှာလဲ Yifan ရယ်
Yifan- Hk hk ဒါဆို မင်း ဒီလိုဖြစ်အောင် မလုပ်ခဲ့နဲ့လေ
အားလုံးက မင်းကြောင့်ဖြစ်ခဲ့တာပဲ
မင်းပဲ အဆုံးသတ်ပေါ့
ကလေးကိစ္စက မင်းအပိုင်းပဲ
ကြိုက်သလို ဖြေရှင်း
အေး ငါကတော့ ခေါ်မထားနိုင်ဘူး
YOU ARE READING
My beloved
FanfictionAn idol Wu Yifan and a doctor Park Chanyeol met then they married without love. Will they love each other or not in the future ???
